Pages

Saturday, March 15, 2014

ဗုဒ္ဓသားတော်များဦးဆောင်ဖျက်ဆီးခဲ့သည့် ၀မ်းတွင်းဗလီ ဖွင့်ခွင့်မရပါက ဒေသခံမွတ်စလင်မ်များအားလုံးနေရပ်ပြောင်းရန်ပြင်ဆင်

ဗုဒ္ဓသားတော်များဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း သန့်ရှင်းရေးပင်ပြုလုပ်ခွင့်မရခဲ့သည့် ၀မ်းတွင်းမြို့မဗလီဝတ်ကျောင်းတော်ကို ယခုနှစ် မတ်လ ၁၄ ရက်နေ့ကတွေ့ရစဉ်
RangonNewsDaily: March . 15 .2014
မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့တွင် လွန်ခဲ့သည့်တစ်နှစ်နီးပါးခန့်က အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် 
ဗလီဝတ်ကျောင်းတော်အား ပြန်လည်ဖွင့်လှစ်ခွင့်မပေးပါက မြို့ခံ အစ္စလာမ်ဘာသာဝင် အားလုံး 
အခြားမြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါမြို့တွင် နှစ် ၃၀ 
ခန့်နေထိုင်နေသူတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

"ဗလီရဖို့ကြိုးစားမယ်၊ မရဘူးဆိုရင် အကုန်လုံးကို ကျွန်တော်ပြောထားတယ်။ဝမ်းတွင်းမှာမနေရတော့ဘူး
၊ရောင်းချပြီးတော့ ဗလီရှိတဲ့နေရာရွှေ့ရမယ်လို့ကျွန်တော်ပြောထားတယ်"ဟု ၀မ်းတွင်းမြို့နေ
 ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့အမှတ် (၃) ရပ်ကွက်အတွင်းရှိ မြို့မ ဗလီဝတ်ကျောင်းတော်အား 
ဗုဒ္ဓဘုရားသားတော် အယောက် ၅၀ ၀န်းကျင်ဦးဆောင်သည့် ၉၆၉ အကြမ်းဖက်အုပ်စုဝင် 
တစ်ရာဝန်းကျင်က ၂၁-၃-၂၀၁၃ ရက်နေ့နှင့် ၂၂-၃-၂၀၁၃ ရက်နေ့များတွင် 
အကြမ်းဖက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"ဖြစ်ပြီး သုံးလေးလနေတော့ ကျွန်တော်ကရွှေ့မယ်ဆိုတော့ အကုန်လုံးက တစ်နှစ်လောက်စောင့်ပါဦး 
ဗလီများရခဲ့တယ်ဆိုရင်နေမယ်၊ ဗလီမရဘူးဆိုရင်အကုန်ရွှေ့မယ်၊အခုတစ်နှစ်ပြည့်တော့မယ်။
အမျိုးတွေအားလုံးကိုပြောထားပြီးသား အမျိုးမဟုတ်တဲ့ ၂ အိမ်လောက်ပဲကျန်တယ်"ဟု ၀မ်းတွင်းမြို့ရှိ 
အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။

ဝမ်းတွင်းမြို့တွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၂၄ စုရှိပြီး လူဦးရေ ၁၃၀ ဦးခန့်ရှိပြီး 
အဆိုပါအိမ်ထောင်စုများသည် ၀မ်းတွင်းမြို့မဗလီပြန်လည်ဖွင့်လှစ်ခွင့်မရပါက ယင်းတော်မြို့၊မလိုင်မြို့၊
ဆူးလေကုန်းရွာ တို့သို့ အသီးသီးပြောင်းရွှေ့နေထိုင်ရန်စီစဉ်ထားကြောင်းဒေသခံများ၏
 ပြောကြားချက်အရသိရသည်။

ဗုဒ္ဓသားတော်များဦးဆောင်သည့်အကြမ်းဖက်အုပ်စုများ၏အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည့် ၀မ်းတွင်းဗလီ 
ဝတ်ကျောင်းတော်သည် အကြမ်းဖက်ဖျက်ဆီးခံရချိန်တွင် နှစ်တစ်ရာကျော်သက်တမ်းရှိပြီး ၁၉၆၀
 ပြည့်နှစ်တွင် လက်ရှိအဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဖျက်ဆီးခံရချိန်မှစကာ 
ယနေ့အချိန်အထိ ပြန်လည်ပြင်ဆင်ခွင့် ၊ သန့်ရှင်းရေးပြုခွင့်၊ပြန်လည်အသုံးပြုခွင့် 
အသီးသီးပိတ်ပင်ခံထားရသည်။ 

ဓာတ်ပုံ- ဟိန်းအောင်
မြန်မာမွတ်စလင်မီဒီယာ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment