Pages

Saturday, March 15, 2014

နယူးယောက် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှု သေဆုံးသူ ရှစ်ဦးထိ ရှိလာ


RangonNewsDaily: March . 15 .2014
နယူးယောက် မြို့ မန်ဟတ်တန် အရပ် အရှေ့ ဟာလမ် ရပ်ကွက် ၌ ဗုဒ္ဓဟူး နေ့ က ဂတ်စ် ပိုက်လိုင်း ပေါက်ကွဲ မှုကြောင့် အဆောက် အအုံ နှစ်လုံး ပြိုကျ သွားရာ ယခုအခါ သေဆုံး သူ ရှစ်ဦး ထိ ရောက်ရှိသွား ပြီ ဖြစ် ကြောင်း သိရ သည်။
အမျိုးသမီးငါးဦး၊ အမျိုးသားသုံးဦး သေ ဆုံးပြီး (၆၈)ဦး ဒဏ်ရာ ရရှိ ထားကြောင်း နယူးယောက်ရဲ ဌာန က ပြောသည်။ အေးခဲ နေ သော အပူချိန်၊ ပြင်းထန်သော လေပြင်း များ အောက်တွင် ရှာဖွေ ကယ်ဆယ်ရေး ဆောင် ရွက် နေကြသော ကယ်ဆယ်ရေး လုပ်သားများ ကိုလည်း နယူးယောက်မြို့တော်ဝန် ဘီလ် ဒါ ဘလာ စီယိုက ချီးကျူးပြောကြားလိုက်သည်။

 ပေါက်ကွဲမှုမဖြစ်ခင် ၁၅ မိနစ် အလိုခန့် တွင် မြို့ခံ တစ်ဦးက ဂတ်စ်နံ ရ ကြောင်း စွမ်းအင် ကုမ္ပဏီ Con Edison ကို အကြောင်းကြားခဲ့ သော်လည်း နောက်ကျသွားခဲ့သည်။ ဂတ်စ် ပိုက် လိုင်းပေါက်ကွဲမှုကြောင့် ပြိုကျသွားသော လူနေအဆောက် အဦ နှစ်လုံး သည် သံမဏိ ချောင်းများ တွန့်လိမ် ကောက်ကွေး၊ အုတ် အင်္ဂဒေများ ကျေမွအမှုန့်ဖြစ်သွားသည်ကို တွေ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ အနီး တစ်ဝိုက်ကို ဂတ်စ်ပေးပို့မှု ဖြတ်တောက် ထားပြီး ပြိုကျသွားသော အဆောက်အအုံ နှစ်လုံးဝန်းကျင်ရှိ တိုက် ခုနစ်လုံး၏ အခန်း ပေါင်း ၈၉ ခန်းတွင် နေထိုင် သူများကို ယာယီ နေ ရာ များသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။


 အေးလွန်းသော ရာသီတွင် ဂတ်စ် ဖြတ်တောက် ထား သ ဖြင့် နေထိင်ရန် များစွာ အခက်အခဲရှိခြင်းကြောင့် ထိုသို့ ရွှေ့ပြောင်း ပေးထား ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဒါ ဘလာစီယိုကပြောသည်။ ဇန်န၀ါရီတွင် ဒါဘလာစီယို ရာထူးစတင်ထမ်း ဆောင်ပြီးနောက် ပိုင်း အပြင်းထန်ဆုံး ကိစ္စတစ်ရပ်ဖြစ်သည်။

Source: AFP
Messenger News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment