Pages

Saturday, March 15, 2014

ချင်းတွင်းမြစ်အတွင်း ရေယာဉ်စီးခရီးသည်တစ်ဦး ရေယာဉ်ပေါ်ပြုတ်ကျ ပျောက်ဆုံးနေ

RangonNewsDaily: March . 15 .2014
မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကျောက်ဆောင်ဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်း၌ ယခုလ ၁၅ ရက်နေ့ မနက် ၄ နာရီခွဲအချိန် က မုံရွာမှ ဟုမ္မလင်းသို့ ခုတ်မောင်းသွားလာနေသည့် ခရီးသည်တင် ရေယာဉ်ပေါ်မှ လူတစ်ဦးပြုတ်ကျ ပျောက်ဆုံး လျက်ရှိကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောကြားသည်
ယနေ့မနက် ၄ နာရီအချိန်က မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေနဒီရေယာဉ်ဆိပ်ကမ်းမှ ဟုမ္မလင်းသို့ ထွက်ခွာမောင်းနင်း လာသည့် ဇေယျာဝင်း ခရီးသည်တင် အမြန်ရေပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည် ကိုပစ်ရှေ့(ခ) မိုးစက်ပစ်ရှေ့ အသက်( ၂၇ ) နှစ် ဆိုသူသည် ရေယာဉ်၏ နောက်ပိုင်းရှိ သန့်စင်ခန်းသို့သွားရောက်ခဲ့ရာတွင် ရေယာဉ်ပေါ်မှပြုတ်ကျ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရေယာဉ်ပေါ်မှ လူပြုတ်ကျသည့် နေရာတွင် ရေငုတ်ကျွမ်းကျင် ကယ်ဆယ်ရေးသမားများနှင့် ထိုသူ၏ ဆွေမျိုး သားချင်းများမှ အချိန်မီ ၀ိုင်းဝန်းရှာဖွေမှု များပြုလုပ်နေသော်လည်း ယနေ့ မွန်းလွှဲ ၁ နာရီအချိန်ထိတိုင်အောင် ပြန်ရှာ ဖွေနိုင်ခြင်းမရှိသေးကြောင်း ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရှိရသည်။


အဆိုပါ ရေယာဉ်ပေါ်မှ ခရီးသည်တစ်ဦး ပြုတ်ကျပျောက်ဆုံးနေသည့်အတွက် မုံရွာမြိုမရဲစခန်းက (ပ) ၈၁/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၂၈၀ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment