Pages

Saturday, March 15, 2014

ပြိုင်ကားတွေကို ချစ်တဲ့အတွက် ပြိုင်ကားလောကအကြောင်း ဇာတ်ကားရိုက်ကူးတဲ့ မြင့်မြတ်


RangonNewsDaily: March . 15 .2014
ပြိုင်ကားတွေကို ချစ်တဲ့အတွက် ပြိုင်ကားလောကအကြောင်း ဇာတ်ကားရိုက်ကူးတဲ့ မြင့်မြတ်မြင့်မြတ်က ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “စနစ်တကျ ဆိုးသွမ်းကြသူများ” ဇာတ်ကားကို ယုန်လေး၊ ကြက်ဖ၊ နန်းဆုဦး တို့နဲ့ သရုပ် ဆောင်နေပြီး ပြိုင်ကား အကြောင်း ရိုက်ကူးထားတဲ့ ပညာပေး ဇာတ်လမ်း ဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ကားတွေကို အထင်အမြင် မလွဲစေလိုတဲ့ အတွက် ရိုက်ကူးဖြစ်ကြောင်း ကို မြင့်မြတ်က
“အဓိက ကတော့ ဝါသနာကြောင့် ရိုက်ဖြစ်တာပါ။ ပြိုင်ကား လောက အကြောင်းတွေ၊ ပြိုင်ကားကို စနစ်တကျ မောင်းတဲ့ သူတွေရှိတယ်။ ပြိုင်ကား ကို အထင် မလွဲကြဖို့ အဲဒီလို ဇာတ်လမ်းမျိုးပါ။

ကျွန်တော်က ဒီဇာတ်ကားထဲမှာ ပြိုင်ကားကို စိတ်ဝင်စားတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်၊ ခင်တတ်တယ် ဆိုတဲ့ ပုံစံမျိုး သရုပ်ဆောင် ရမှာပါ။ မိန်းကလေး ပရိသတ်ရော၊ ယောက်ျားလေး ပရိသတ်တွေ အကုန်လုံးကြိုက်မယ့် ဇာတ်လမ်းမျိုးပါ။ လူငယ် ဇာတ်လမ်း ပိုဆန်တာပေါ့။ ကျွန်တော်က အပြင် မှာလည်း ပြိုင်ကားတွေနဲ့ ပတ်သက်ပြီး ဝါသနာ တော်တော်ပါတယ်။

 တော်တော်လေးလည်း စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း မောင်းဖြစ်တယ်။ ပြိုင်ကားကို ချစ်တာကြောင့် ဒီလို ဇာတ်လမ်းလေး ရိုက်တာပါ။ ပြိုင်ကားကို အားကစား တစ်ရပ်လို သဘောထားပြီး တကယ် မောင်းနေကြတဲ့ သူတွေလည်း ရှိပါတယ်။ ည ဘက်သောင်းကျန်းတဲ့ သူ တွေလည်းရှိတော့ ရှိတာပေါ့။

အခု ဇာတ်ကားထဲမှာက ညဘက် ပြိုင်ကားမောင်းသူတွေက တကယ့် ပြိုင်ကားကို အားကစား တစ်ရပ် လို မောင်းနှင်တဲ့ သူတွေနဲ့ပေါင်းမိ သွားပြီးတော့ အားကစား တစ်ရပ်လို စုစုစည်းစည်းနဲ့ မောင်းကြတယ် ဆိုတဲ့ မက်ဆေ့ခ်ျကို ပေးချင်တာပါ။ ဒီဇာတ်ကားက ထူးခြား ပါလိမ့်မယ်။ ကျွန်တော်တို့ ဆီမှာ ရိုက်တဲ့ ဇာတ်ကားတွေထဲမှာ မပါဖူးတဲ့ ပြိုင်ကား shoot တွေအများကြီး ကိုဝိုင်းပြီးတာ့ ကူညီပေးကြတယ်။ အဲဒီ အတွက်လည်း ပြိုင်ကားချစ်ကြတဲ့ ညီအစ်ကို တွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်လမ်းမျိုးက ပုံမှန် ရိုက်နေကျ ဇာတ်လမ်းတွေ နဲ့ မတူဘဲ ကွဲထွက်တဲ့ အတွက် ရိုက်ရတာလည်း ပေါ့ပါးသလို ပျော်လည်း ပျော်ပြီး ရိုက်ရတာလည်း အားရမိကြောင်း မြင့်မြတ်က ပြောပါတယ်။ မြင့်မြတ်က နောက်ထပ် လည်း ကိုယ်လုပ်ချင်တဲ့၊ တင်ပြချင်တဲ့ ဇာတ်လမ်းတွေကို ခေတ် ဆန်ဆန် ပုံစံနဲ့ ပရိသတ်တွေကို မက်ဆေ့ခ်ျ ပေးမယ့် ဇာတ်လမ်းတွေလည်း ရိုက်ကူးဖို့ ရှိတယ်လို့ ပြောပါတယ်။


 မြင့်မြတ်က ဒီဇာတ်ကားပြီးတာနဲ့ ပြင်ဦးလွင်မှာ ဇာတ်ကားနှစ်ကား သွား ရောက် ရိုက်ကူးမှာဖြစ်ပြီး Pee Mak ဇာတ်ကား ရိုက်ကူးတဲ့ ထိုင်းနိုင်ငံက အနုပညာရှင်များနဲ့ Actor Stars အဖွဲ့တွေ နဲ့ ဘောလုံးကန်မယ့်ထဲမှာလည်း ပါဝင်မှာဖြစ်ပြီး ချစ်ကြည်ရေးအနေနဲ့ 
ကန်ရတာ ဖြစ်တဲ့အတွက် တအားဝမ်းသာပါတယ်လို့ မြင့်မြတ်က ပြောပါတယ်။ 

POPULAR NEWS , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment