Pages

Wednesday, June 12, 2013

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇;၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားဟောင်း ရေလယ်တိုင်အမှတ်(၄)နှင့် (၅)ကြားမှ အမျိုးသမီးငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဇက်ရေယာဉ်အမှတ်(၁၁၀) ပြည်တွင်းရေကြောင်းပိုင်
ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်) မှ တွေ့မြင်သဖြင့်ဆယ်ယူကယ်တင်ခဲ့ပါသည်။ အဆိုပါအမျိုးသမီးငယ်အား မေးမြန်းရာဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သူဌေးကုန်းရွာနေ မ---၊(၂၀)နှစ်ဖြစ်ကြောင်း၊၄င်းမှာ လွန်ခဲ့သော(၃)ရက်ခန့်က လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ကာ အလုပ်လုပ်ကိုင် နေသူဖြစ်ကြောင်း၊ အကြွေး(၁၀)သိန်းခန့် ပေးဆပ်ရန်ရှိသဖြင့် စိတ်ညစ်ပြီး ရေထဲသို့ခုန်ချခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
မ----အား လှိုင်သာယာဆေးရုံတွင် တင်ပို့ကုသမှုခံယူစေလျက်ရှိပြီး ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Yangon police , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment