Pages

Wednesday, June 12, 2013

၎နှစ်သားကလေးလေးက ဖခင်ကို သေနတ်ဖြင့် ပစ်ခတ်...

(12.6.2013, Wednesday)

အမေရိကန်နိုင်ငံ၊အရီဇိုးနားပြည်နယ်၊ပရက်စကော့ဗယ်လီမြို့ရှိ နေအိမ်တွင်၎နှစ်သားကလေးငယ်တစ်ဦးက ၎င်း၏ဖခင်ကိုမတော်တဆသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာဖခင်ဖြစ်သူ သေဆုံးသွားကြောင်းသိရသည်။အသက်၃၅

နှစ်အရွယ်ရှိဂျက်စတင်စတန်းဖီးလ်ဒ်သောမက်စ်နှင့် ၎င်း၏သားငယ်သည်ဖီးနစ်မြို့မှ လာရောက်လည်ပတ်ခဲ့
ခြင်းဖြစ်ပြီး မိတ်ဆွေတစ်ယောက်၏နေအိမ်တွင် ရှိနေခဲ့သည်။


နေအိမ်သို့ရောက်ပြီး မကြာခင်တွင် အဆိုပါကလေးငယ်သည် အိမ်ဧည့်ခန်းမှ သေနတ်တစ်လက်ကို ရှာဖွေ
တွေ့ရှိခဲ့ပြီးမတော်တဆပစ်ခတ်ခဲ့ရာ ကျည်ဆံတစ်တောင့်သည် ၎င်း၏ဖခင်ဖြစ်သူကိုထိမှန်ခဲ့သည်။

ဖခင်ကို ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ ရဲအရာရှိများက အဆိုပါကလေးငယ်
သည် မိခင်ဖြစ်သူနှင့် အတူရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြားသော အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးကြောင်းနှင့် အဆိုပါဖြစ်ရပ်သည်
တော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် တရားစွဲဆိုမှုကို ပြုလုပ်သွားမည်မဟုတ်ကြောင်းသိရှိရသည်။

SkyNet TV Browser , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment