Pages

Wednesday, June 12, 2013

မလေးရှားရောက် မြန်မာတစ်ဦး ရေးသားသည့် မလေးရှား အခြေအနေမှန်

မလေးရှားရောက် မြန်မာတစ်ဦး ရေးသားသည့် မလေးရှား အခြေအနေမှန်

ဇွန် ၁၂ ၊၂၀၁၃
မိုးလုံ

ဖေ့ဘွတ်မှာတော့ မလေးရှားသတင်းတွေ ပွစာကိုတက်နေတာမြင်ရတော့ ကျနော်လဲမနေနိုင်ပါ။ အများစုက အသားကုန်ကိုလိုက်ဖွထားတာ တွေ့ရပါတယ်။ အခုအခြေအနေက တော်တော်များများထင်နေကြသလို ဗုဒ္ဓဘာသာဝင်မြန်မာမှန်လျှင် သတ်ဖြတ်ခံရမယ်ဆိုတာမျိုး မမှန်ပါ။ အကြမ်းဖက်အသတ်ခံခဲ့ရတယ်ဆိုတာတော့ မှန်ပါတယ်။ 

ကျနော်မလေးရောက်တာ ၂၀၀၆ ဧပရယ်ထဲကပါ။ ဒီလိုအသတ်ခံရတာတွေ ကြားရဖူးပါတယ်။ (တစ်ချို့အမှုတွေ လက်သည်တောင်မပေါ်ပါ) ခုမြန်မာပြည်အရှုတ်အထွေးကိုအခြေပြုပြီး မလေးရှားကမြန်မာတွေကို လိုက်သတ်နေပါတယ်ဆိုတဲ့သတင်းမျိုးနဲ့ သတင်းတွေဖွထားတာဟာ ကျန်ရှိနေတဲ့မြန်မာတွေအတွက် အကျိုးများစွာထိခိုက်စေတယ်ဆိုတာ သတိပြုကြစေလိုပါတယ်။
လက်ရှိ မလေးမှာနေကြတဲ့လူတွေကိုမေးကြည့်ကြပါ။

လက်ရှိမလေးရှားမှာ အလုပ်လုပ်ဖို့လာကြသူတွေထဲ (Over Stay)
နေထိုင်ခွင့်ပါမစ်မဲ့တွေထဲမှာအင်ဒိုနဲ့မြန်မာဟာ အင်အားအများဆုံးပါ။ အခြေအနေရှုတ်ရှုတ်သဲသဲဖြစ်ဖို့ စတင်လာပြီဆိုရင် ရလာမဲ့အကျိုးဆက်ဟာ မြန်မာနိုင်ငံသား နေထိုင်ခွင့်ပါမစ်မဲ့တွေဘဝဟာ လမ်းဆုံးဖို့ဖြစ်လာမယ်ဆိုတာ သတိထားပေးစေချင်ပါတယ်။ 

အချို့မြန်မာတွေက 6P လုပ်ထားကြပေမဲ့ နေထိုင်ခွင့်ပါမစ် အမှန်ရှိမထားသေးပါဘူး။ (လောလောဆည် ကျနော့်ညီဝမ်းကွဲနဲ့သူငယ်ချင်း 6Pနဲ့ပဲ အဖမ်းခံထားရပါတယ်။ ပါတ်စပို့စာအုပ်ရထားပေမဲ့ ပါမစ်မရှိသေးလို့ ရဲက RM1500 တောင်းပြီး၊ လွတ်ပေးဖို့အခြေအနေက မရေရာလို့ ကျနော်တို့မပေးသေးပါဘူး) လက်ရှိအဖမ်းခံခဲ့ရသူတွေဟာ ခဏတာရှုတ်ရှုတ်သဲသဲလုပ်လိုက်တဲ့ အကျိုးဆက်တွေပါ။ 

ရာပေါင်းများစွာသောမြန်မာတွေမှာ သူတို့လုပ်အားခတွေမှီခိုနေသူတွေရှိတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်တော်များများဟာ ပညာမဲ့လူတန်းစားတွေထဲကပါ။ မြန်မာပြည်မှာ ခုလိုဝင်ငွေမျိုးမရနိုင်လို့ ဒုက္ခဆင်းရဲခံပြီး မိသားစုအတွက် ငွေရှာထောက်ပံ့နေကြတာပါ။ ဘယ်သူကမှ Over Stay ဘဝနဲ့ ကျီးလန့်စာစား မနေချင်ကြပါဘူး။

မလေးတွင်းမှာ ဆန္ဒပြကြဟေ့၊ ပြန်ချကွာ ဆိုတာမျိုးတွေဖြစ်လာရင် မလေးရှားဟာ လူထုအုံကြွမှုဖြိုခွင်းဖို့ စနစ်တကျပြင်ဆင်ထားပြီးသားဆိုတာ သတိရစေချင်ပါတယ်။ အဓိကအင်အားဟာ Rala အင်အားစုပါ။ Rala ဟာ ပြည်သူ့စစ်ပုံစံဖွဲ့ဆည်းထားပြီး ပြည်သူလူထုနဲ့ တစ်သားထဲရှိနေပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေဘယ်နေရာတွေရှိတယ်ဆိုတာ ကောင်းကောင်းသိထားသလို မလေးအစိုးရက ဖမ်းဆီးနိုင်ရင် ဆုကြေးငွေထုတ်ပေးထားပါတယ်။ ရုတ်ရုတ်သဲသဲဖြစ်လာရင် Over Stay သမားများရဲ့ဘဝဟာ ထွက်ပေါက်မဲ့ဖြစ်သွားမှာပါ။ လူတစ်ယောက်ဘဝဟာ မိသားစုတွေပါ ပါတယ်ဆိုတာ သတိရကြစေချင်ပါတယ်။ အားလုံးအေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်လေးကိုယ်လုပ်နေကြရင် ပြန်လည်ငြိမ်သက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဖွသတင်းတွေလိုက်ရှယ်နေကြသူတွေကိုတော့ ကျနော်တော်တော်လေးစိတ်ပျက်မိပါတယ်။ မတိကျပဲ တစ်ဘက်နဲ့တစ်ဘက်ပွဲဆူစေမဲ့စာတွေ မရှယ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ မလေးတွင်းမှာ အွန်လိုင်းအသုံးပြုသူတွေ များနေသလို၊ သတင်းတွေကိုယုံပြီး ပွဲဆူစေမယ်ဆို ရလာမဲ့အကျိုးဆက်ဟာ ကြောက်စရာကောင်းမယ်ဆိုတာ သတိထားကြပါလို့။ ကျဉ်တစ်ထောင့်သစ္စာဖောက်ရင် လူတစ်ယောက်ပဲ သေစေနိုင်တာပါ။ သစ္စာဖောက်ထားတဲ့သတင်းလိမ်တစ်ခုဟာ လူပေါင်းများစွာသေကြေပျက်စီးနိုင်တယ်ဆိုတာ သတိချပ်ပေးကြပါလို့ပဲ မေတ္တာရပ်ခံပါတယ်ဗျာ။

မိုးလုံ
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် ရွာသစ်ကြီး
ခေတ္တ-မလေးရှား (၆၀၁၀-၃၇၄၁၄၉၈

https://www.facebook.com/saiaipee.shanland/posts/490152404387565

ဇွန် ၁၂ ၊၂၀၁၃

ဖေ့ဘွတ်မှာတော့ မလေးရှားသတင်းတွေ ပွစာကိုတက်နေတာမြင်ရတော့ ကျနော်လဲမနေနိုင်ပါ။ အများစုက အသားကုန်ကိုလိုက်ဖွထားတာ တွေ့ရပါတယ်။ အခုအခြေအနေက တော်တော်များများထင်နေကြသလို ဗုဒ္ဓ
ဘာသာဝင်မြန်မာမှန်လျှင်သတ်ဖြတ်ခံရမယ်ဆိုတာမျိုး မမှန်ပါ။အကြမ်းဖက်အသတ်ခံခဲ့ရတယ်ဆိုတာတော
့  မှန်ပါတယ်။ ကျနော်မလေးရောက်တာ ၂၀၀၆ ဧပရယ်ထဲကပါ။ ဒီလိုအသတ်ခံရတာတွေ ကြားရဖူးပါတယ်။ (တစ်ချို့အမှု
တွေ လက်သည်တောင်မပေါ်ပါ)ခုမြန်မာပြည်အရှုတ်အထွေးကိုအခြေပြုပြီး မလေးရှားကမြန်မာတွေကိုလိုက်
သတ်နေပါတယ်ဆိုတဲ့သတင်းမျိုးနဲ့ သတင်းတွေဖွထားတာဟာ ကျန်ရှိနေတဲ့မြန်မာတွေအတွက် အကျိုးများ
စွာထိခိုက်စေတယ်ဆိုတာ သတိပြုကြစေလိုပါတယ်။လက်ရှိ မလေးမှာနေကြတဲ့လူတွေကိုမေးကြည့်ကြပါ။

လက်ရှိမလေးရှားမှာ အလုပ်လုပ်ဖို့လာကြသူတွေထဲ (Over Stay)နေထိုင်ခွင့်ပါမစ်မဲ့တွေထဲမှာအင်ဒိုနဲ့မြန်မာ
ဟာ အင်အားအများဆုံးပါ။ အခြေအနေရှုတ်ရှုတ်သဲသဲဖြစ်ဖို့ စတင်လာပြီဆိုရင် ရလာမဲ့အကျိုးဆက်ဟာ မြန်
မာနိုင်ငံသား နေထိုင်ခွင့်ပါမစ်မဲ့တွေဘဝဟာ လမ်းဆုံးဖို့ဖြစ်လာမယ်ဆိုတာ သတိထားပေးစေချင်ပါတယ်။

အချို့မြန်မာတွေက 6P လုပ်ထားကြပေမဲ့ နေထိုင်ခွင့်ပါမစ် အမှန်ရှိမထားသေးပါဘူး။ (လောလောဆည် ကျ
နော့်ညီဝမ်းကွဲနဲ့သူငယ်ချင်း 6Pနဲ့ပဲ အဖမ်းခံထားရပါတယ်။ ပါတ်စပို့စာအုပ်ရထားပေမဲ့ ပါမစ်မရှိသေးလို့ ရဲက RM1500 တောင်းပြီး၊ လွတ်ပေးဖို့အခြေအနေက မရေရာလို့ ကျနော်တို့မပေးသေးပါဘူး) လက်ရှိအဖမ်းခံခဲ့ရ
သူတွေဟာ ခဏတာရှုတ်ရှုတ်သဲသဲလုပ်လိုက်တဲ့ အကျိုးဆက်တွေပါ။

ရာပေါင်းများစွာသောမြန်မာတွေမှာ သူတို့လုပ်အားခတွေမှီခိုနေသူတွေရှိတယ်ဆိုတာ သတိချပ်စေချင်ပါ
တယ်။ တော်တော်များများဟာ ပညာမဲ့လူတန်းစားတွေထဲကပါ။ မြန်မာပြည်မှာ ခုလိုဝင်ငွေမျိုးမရနိုင်လို့ ဒုက္ခ
ဆင်းရဲခံပြီး မိသားစုအတွက် ငွေရှာထောက်ပံ့နေကြတာပါ။ ဘယ်သူကမှ Over Stay ဘဝနဲ့ ကျီးလန့်စာစား မနေချင်ကြပါဘူး။

မလေးတွင်းမှာ ဆန္ဒပြကြဟေ့၊ ပြန်ချကွာ ဆိုတာမျိုးတွေဖြစ်လာရင် မလေးရှားဟာ လူထုအုံကြွမှုဖြိုခွင်းဖို့ စ
နစ်တကျပြင်ဆင်ထားပြီးသားဆိုတာ သတိရစေချင်ပါတယ်။ အဓိကအင်အားဟာ Rala အင်အားစုပါ။ Rala ဟာ ပြည်သူ့စစ်ပုံစံဖွဲ့ဆည်းထားပြီး ပြည်သူလူထုနဲ့ တစ်သားထဲရှိနေပါတယ်။နိုင်ငံခြားသားအလုပ်သမား
တွေဘယ်နေရာတွေရှိတယ်ဆိုတာ ကောင်းကောင်းသိထားသလို မလေးအစိုးရက ဖမ်းဆီးနိုင်ရင် ဆုကြေး
ငွေထုတ်ပေးထားပါတယ်။ ရုတ်ရုတ်သဲသဲဖြစ်လာရင် Over Stay သမားများရဲ့ဘဝဟာ ထွက်ပေါက်မဲ့ဖြစ်သွား
မှာပါ။ လူတစ်ယောက်ဘဝဟာ မိသားစုတွေပါ ပါတယ်ဆိုတာ သတိရကြစေချင်ပါတယ်။ အားလုံးအေးအေး
ချမ်းချမ်းနဲ့ ကိုယ့်အလုပ်လေးကိုယ်လုပ်နေကြရင် ပြန်လည်ငြိမ်သက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဖွသတင်းတွေလိုက်ရှယ်နေကြသူတွေကိုတော့ ကျနော်တော်တော်လေးစိတ်ပျက်မိပါတယ်။ မတိကျပဲ တစ်
ဘက်နဲ့တစ်ဘက်ပွဲဆူစေမဲ့စာတွေ မရှယ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ မလေးတွင်းမှာ အွန်လိုင်းအသုံး
ပြုသူတွေ များနေသလို၊ သတင်းတွေကိုယုံပြီး ပွဲဆူစေမယ်ဆို ရလာမဲ့အကျိုးဆက်ဟာ ကြောက်စရာကောင်း
မယ်ဆိုတာ သတိထားကြပါလို့။ ကျဉ်တစ်ထောင့်သစ္စာဖောက်ရင်လူတစ်ယောက်ပဲ သေစေနိုင်တာပါ။ သစ္စာ
ဖောက်ထားတဲ့သတင်းလိမ်တစ်ခုဟာ လူပေါင်းများစွာသေကြေပျက်စီးနိုင်တယ်ဆိုတာသတိချပ်ပေးကြပါလို
့ပဲ မေတ္တာရပ်ခံပါတယ်ဗျာ။

မိုးလုံ
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ် ရွာသစ်ကြီး
ခေတ္တ-မလေးရှား (၆၀၁၀-၃၇၄၁၄၉၈

Myanmar Muslim.Net , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၂.၆.၂၀၁၃

0 comments:

Post a Comment