Pages

Wednesday, June 12, 2013

မြန်နှုန်းမြင့် လေဆာကြောင့် ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ကင်ဆာကျိတ်ကို ဖျက်ဆီးနိုင်

Photo: မြန်နှုန်းမြင့် လေဆာကြောင့် ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ကင်ဆာကျိတ်ကို ဖျက်ဆီးနိုင်
Wednesday, June 12, 2013

Tenessee တက္ကသိုလ်မှ သုတေသီတွေက လေဆာရဲ့ စွမ်းအင်ကြောင့် ကင်ဆာကျိတ်တွေကို ဘယ်လောက် အတိုင်းအတာထိ ရှာဖွေနိုင်ပြီး ကင်ဆာကျိတ်တွေကို ဖျက်ဆီးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ နည်းပညာအသစ်ကို အသုံးပြုထားတဲ့ Femtosecond လေဆာရဲ့ မြန်နှုန်းဟာ တစ်စက္ကန့်ရဲ့ ကုဋေပုံ တစ်ပုံနှုန်းနဲ့ ဖြတ်သန်းနိုင်ပါတယ်။

မြန်နှုန်းမြင့်တာကြောင့် မိမိပစ်မှတ်ထားတဲ့ အစိတ်အပိုင်းကို အမြန်ဆုံး ရောက်ရှိသွားကာ ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကင်ဆာအကျိတ်ရှိတဲ့ နေရာကို ပစ်မှတ်တွေ့ရှိသွားတာကြောင့် လေဆာရောင်ခြည်မှ ကျုမာကျိတ်တွေကို လောင်ကျွမ်းနိုင်ပါတယ်။ 

ယခုနည်းပညာဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာထက် ပိုမိုတိကျမှုရှိပြီး ပြင်ပလူနာ အနေနဲ့လည်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းပညာဟာ ဦးနှောက်ကင်ဆာ ရှိသူတွေအတွက် အထူးကောင်းမွန်ပါတယ်။

ဦးခေါင်းခွံလိုမျိုး ပါးလွှာတဲ့ အရိုးတွေကို မခွဲမစိတ်ရဘဲ ထိုးဖောက်ဝင်ရောက်နိုင်တာမို့ ကင်ဆာကျိတ်တွေကို ထိရောက်စွာ ကုသနိုင်တယ်လို့ ဆိုပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ လေဆာတွေဟာ ယခုနည်းပညာလောက် မြန်နှုန်းမမြင့်တဲ့အတွက် လေဆာကြောင့် တစ်သျှူးတွေ လောင်ကျွမ်းမှု ဖြစ်နိုင်တယ်လို့ သိရပါတယ်။

သုတေသနပြုသူတွေက သူတို့ရဲ့ နည်းပညာကို ဈေးကွက်ထဲမှာ မကြာခင်မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး

Wednesday, June 12, 2013

Tenessee တက္ကသိုလ်မှ သုတေသီတွေက လေဆာရဲ့ စွမ်းအင်ကြောင့် ကင်ဆာကျိတ်တွေကို ဘယ်လောက် အတိုင်းအတာထိ ရှာဖွေနိုင်ပြီး ကင်ဆာကျိတ်တွေကို ဖျက်ဆီးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ နည်းပညာအသစ်ကို အသုံးပြုထားတဲ့ Femtosecond လေဆာရဲ့ မြန်နှုန်းဟာ တစ်စက္ကန့်ရဲ့ ကုဋေပုံ တစ်ပုံနှုန်းနဲ့ ဖြတ်သန်းနိုင်ပါတယ်။


မြန်နှုန်းမြင့်တာကြောင့် မိမိပစ်မှတ်ထားတဲ့ အစိတ်အပိုင်းကိုအမြန်ဆုံး ရောက်ရှိသွားကာကင်ဆာဆဲလ်တွေ
ကို ထိထိရောက်ရောက် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကင်ဆာအကျိတ်ရှိတဲ့ နေရာကို ပစ်မှတ်တွေ့ရှိသွားတာ
ကြောင့် လေဆာရောင်ခြည်မှ ကျုမာကျိတ်တွေကို လောင်ကျွမ်းနိုင်ပါတယ်။

ယခုနည်းပညာဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာထက် ပိုမိုတိကျမှုရှိပြီး ပြင်ပလူနာ အနေနဲ့လည်း ပြု
လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းပညာဟာ ဦးနှောက်ကင်ဆာ ရှိသူတွေအတွက် အထူးကောင်းမွန်ပါ
တယ်။

ဦးခေါင်းခွံလိုမျိုး ပါးလွှာတဲ့ အရိုးတွေကို မခွဲမစိတ်ရဘဲ ထိုးဖောက်ဝင်ရောက်နိုင်တာမို့ ကင်ဆာကျိတ်တွေကို ထိရောက်စွာ ကုသနိုင်တယ်လို့ ဆိုပါတယ်။ယခင်ကအသုံးပြုခဲ့တဲ့ လေဆာတွေဟာ ယခုနည်းပညာလောက်
 မြန်နှုန်းမမြင့်တဲ့အတွက် လေဆာကြောင့် တစ်သျှူးတွေ လောင်ကျွမ်းမှု ဖြစ်နိုင်တယ်လို့ သိရပါတယ်။

သုတေသနပြုသူတွေက သူတို့ရဲ့ နည်းပညာကို ဈေးကွက်ထဲမှာ မကြာခင်မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment