Pages

Wednesday, June 12, 2013

ဘုရားသုံးဆူမြို့နယ်ခွဲတွင် GSM ဖုန်းသုံးစွဲရန် အခက်အခဲတွေ့နေ...

 (12.6.2013, Wednesday)
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့နယ်ခွဲတွင် (၂၀၁၃)ခုနှစ်၊ဖေဖော်ဝါရီလကတည်း
က(၂)သိန်းခွဲတန်WCDMAနှင့်(၂)သိန်းတန်GSMဖုန်းများစတင်သုံးစွဲခွင့်ရခဲ့သော်လည်းသုံးစွဲရာတွင်အခက်
အခဲများရှိကြောင်းသိရသည်။
(၂)သိန်းခွဲတန်WCDMA နှင့်(၂)သိန်းတန် GSM ဖုန်းများအသုံးပြုသောအခါတွင်ဘုရားသုံးဆူမြို့နယ်တွင်း
ခေါ်ဆိုရအဆင်ပြေသော်လည်းဘုရားသုံးဆူနှင့် ဝေးတဲ့နေရာကိုခေါ်ဆိုခြင်း၊ဝေးသောနေရာမှဘုရားသုံးဆူ
ကိုခေါ်ဆိုခြင်းတို့ပြုလုပ်ရာတွင် ဖုန်းလိုင်းမကြည်ခြင်း၊ဖုန်းလိုင်းပြတ်တောက်ခြင်းတို့မကြာခဏဖြစ်ပေါ်လေ့ရှိ
ပြီးယခုမိုးတွင်းကာလတွင် ဘုရားသုံးဆူမြို့နယ်အတွင်းမှ ခေါ်ဆိုရခက်ခဲကြောင်းသိရသည်။

ယခင်ကဘုရားသုံးဆူမြို့နယ်ခွဲတွင် တရားဝင်ထိုင်းလိုင်းများဖြစ်သောဝမ်းတူးကော(12 Call)ဆင်းကတ်၊True ဆင်းကတ်နှင့် dtacဆင်းကတ်များကိုအသုံးပြုရာတွင် အဆင်ပြေမှုများရှိခဲ့သော်လည်းယခုအခါထိုင်းလိုင်းသုံး
စွဲရာတွင် အဆင်မပြေမှုများရှိကြောင်းသိရသည်

။မြန်မာ(၂)သိန်းခွဲတန် WCDMA နှင့် (၂)သိန်းတန် GSM လိုင်းသည် ဘုရားသုံးဆူမြို့နယ်ခွဲကဖုန်းပြောဆို
ခွင့်သာရရှိသော်လည်းအင်တာနက်လိုင်းအသုံးပြု၍မရကြောင်းသိရသည်။မြန်မာGSMလိုင်းများသုံးစွဲနိုင်ရန်
အတွက်တာဝါတိုင်များစတင်ထောင်ကတည်းကဖုန်းပြောဆိုရာတွင် လိုင်းမကြည်ခြင်းလိုင်းပြုတ်ကျခြင်းတို့
အပြင်အင်တာနက်လိုင်းသုံးစွဲရာတွင် အခက်အခဲများရှိလာသည်။

CDMA လိုင်းနှင့် အော်တိုမိုဘိုင်းဖုန်းလိုင်းမရှိသောဘုရားသုံးဆူမြို့နယ်ခွဲတွင် ထိုင်းလိုင်းနှင့် မြန်မာ GSM

လိုင်းများကိုအားထားပြီးအသုံးပြုသော်လည်းလက်ရှိတွင် မြန်မာ GSM လိုင်း၊ထိုင်းလိုင်းသည် ဖုန်းခေါ်ဆိုမှု၊
အင်တာနက်သုံးစွဲမှုများအဆင်မပြေမှုရှိသည့်အတွက်ဒေသခံပြည်သူများအခက်တွေ့နေကြောင်းသိရသည်။

SkyNet TV Browser , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment