Pages

Wednesday, June 12, 2013

အိမ်ထောင်စုတစ်စု ကလေးနှစ်ဦးသာယူရမည့်မှု မြန်မာဝန်ကြီးထောက်ခံမှု အမေရိကန်စိုးရိမ်

မြန်မာနိုင်ငံအတွင်း မူဆလင်တွေအပေါ် အာဏာပိုင်တို့ရဲ့ ပြုမူဆက်ဆံပုံ တချို့နဲ့ ပက်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ မူဆလင် လူနည်းစုအပေါ် ကလေး ၂ ယောက်ထက် ပိုမယူရဆိုတဲ့ ကန်သတ်ချက်နဲ့ ပက်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ms. Jan Pasaki က အခုလို ပြောပါတယ်။ “မြန်မာအစိုးရဘက်က ရိုဟင်ဂျာမူဆလင်တွေအပေါ် တအိမ်ထောင်ကို ကလေး ၂ ယောက်ထက် ပိုမယူရဘူးဆိုပြီး ကန်သတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရတဲ့အပေါ် ကျမတို့အနေနဲ့ အတော်လေးကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ 
အခုလို ကလေးမွေးဖွားတဲ့အပေါ်ကို နိုင်လိုမင်းထက်ပြုပြီး ခွဲခြားဆက်ဆံတာကိုလည်း အမေရိကန် ပြည်ထောင်စုက ဆန့်ကျင်ရှုံ့ချပါတယ်။ ပြီးတော့ အခုလို ကလေးမွေးဖွားမှုနှုန်း ကန့်သတ်တဲ့ အစီအစဉ်ကို ဖျက်သိမ်းဖို့လည်း မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ကျမတို့ တောင်းဆိုထားပြီးသွားပါပြီ”
VOA News, ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၂.၆.၂၀၁၃

0 comments:

Post a Comment