Pages

Wednesday, June 12, 2013

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် 
Sing Tel ကူညီမည်

ရန်ကုန်၊ ဇွန် ၁၁။

မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ 
လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း 
လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ 
ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group 
Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြား
သည်။
Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို 
အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက 
မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် 
ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် 
Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံး
လက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါ
တယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီး 
စဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာ
ဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။ 

ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟု
Mr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ 
ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ 
ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။


ပြည့်လျှံ

မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း လွှတ်
တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြု
လုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြား
သည်။
Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက
မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံး
လက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ
်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများ
ကြီး စဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါ
တယ်။

ဒါကတော့ မြန်မာနိုင်ငံအတွက်အကျိုးခံစားခွင့်တွေပါ”ဟုMr Mark Chongက ပြောကြားသည်။Sing Tel သည်
ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတ
ကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


ပြည့်လျှံ ( Myanmar Age) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၂.၆.၂၀၁၃

0 comments:

Post a Comment