Pages

Friday, October 4, 2013

ကူးတို့ သမ္ဗန်များတွင် အသက်ကယ် အကျီ င်္များ ထားရှိသော်လည်း ဝတ်ဆင်သူ မရှိသလောက်နည်းပါးနေ

RangonNewsDaily:: October. 4 .2013
ပန်းဆိုး တန်း-ဒလကူးတို့ သမ္ဗန်စီးနင်း ရာ တွင် အသက်ကယ်အကျီ င်္ဝတ်ဆင် ၍စီးနင်းကြရန် ညွှန်ကြားထားမှု များရှိသော်လည်း ခရီးသည်အများ စုမှာ လိုက်နာမှုအားနည်းနေ ကြောင်း ကူးတို့ဆိပ်ကြီးကြပ်မှုရုံး (ကမာအောင်)မှသိရသည်။ရန်ကုန်မှဒလ သို့ ကူးတို့သမ္ဗန် ဖြင့်စီးနင်းသူအများစုမှာ အသက် အန္တရာယ်ရှိမှန်းသိသော်လည်း အ သက်ကယ်အကျÐဝတ်ဆင်၍ စီး နင်းလိုခြင်းမရှိကြောင်း ကူးတို့ဆိပ် ကြီးကြပ်မှုရုံး(ကမာအောင်)ဥက္ကဋ္ဌ ဦးတင်နီက ပြောသည်။ ကူးတို့ဆိပ်ကြီးကြပ်မှုရုံး (ကမာအောင်)ဥက္ကဋ္ဌ ဦးတင်နီက ''ခရီးသည်တွေက Safe မဖြစ်ကြ မှန်းသိပေမယ့် အသက်ကယ်အကျီ င်္ ကို ဘယ်သူမှ မဝတ်ချင်ကြဘူး။ ရာသီဥတုကလဲ မိုးတွင်းဖြစ်တော့ ရေစိုတာလဲပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သမ္ဗန်မောင်းသူ ကို ခရီးသည်အလိုက် အဆင်သင့် ဆောင်ထားဖို့ စည်းကမ်းသတ်မှတ် ထားတယ်''ဟုဆိုသည်။

မိုးတွင်းကာလအသက်ကယ် အကျÐများအား မိုးရေကြောင့် စွတ် စိုမှုမရှိစေရန် နောက်ပိုင်းတွင် ရေ မစိုနိုင်သည့် သားရေမိုးကာသား များဖြင့် ပြောင်းလဲလုပ်ဆောင် သွားရန်ရှိနေပြီး ရေမစိုအောင် ထားရှိရန်အတွက် ဆက်လက်လုပ် ဆောင်မည်ဟု ထပ်မံပြောသည်။

ကူးတို့သမ္ဗန်တစ်စင်းတွင် ယခင်က ၁၅ဦး တင်ဆောင်သော် လည်း ယခုနောက်ပိုင်း ၁ဝဦး ထက် ပိုတင်ခွင့်မပြုသည့်အပြင် ရာသီ ဥတုအပေါ်မူတည်ကာ ခုနစ်ဦး သာ ခွင့်ပြုသည့်ရက်များရှိကြောင်း၊ စီးနင်းသူများ၏အသက်အန္တရာယ် မဖြစ်ပေါ်ရေးအတွက် ရေကြောင်း လိုင်စင်စစ်ဆေးခြင်းနှင့် ယာဉ် မောင်းလိုင်စင်မရှိဘဲ သမ္ဗန်ပေါ် တက်ခွင့်မပေးကြောင်း၊ စည်းကမ်း မလိုက်နာသူများကို တစ်လလူနှင့် သမ္ဗန်ကိုပါပိတ်၍ အပြစ်ပေး ကြောင်း အဆိုပါရုံးမှသိရသည်။

ဒလမြိုခံတစ်ဦးက ''အသက် ကယ်အကျÐက ညစ်ပတ်တော့ ဘယ် သူမှဝတ်ဖို့စိတ်မပါဘူး။ နောက်ပြီး ဒီခရီးက အမြဲတမ်းသွားနေတော့ လူတွေကလဲ လုပ်နေကျအလုပ် တစ်ခုလိုပဲဖြစ်နေတယ်။ လူတွေ အသက်ကယ်တွေဝတ်စေချင်ရင် သူတို့က သေသေချာချာထားဖို့လို တယ်။ ဖြစ်နိုင်ရင် လျှော်ဖွပ်တာတို့ မကြာခဏအသစ်လဲတာဆိုရင် ပိုအဆင်ပြေပါတယ်''ဟုဆိုသည်။

ဒလမြို့နယ်တွင် သမ္ဗန်ဂိတ် ပေါင်း ၁၁ဂိတ်အထိရှိနေပြီး ငါး ဂိတ်မှာ ပုဂ္ဂလိကကြီးကြပ်မှုဖြင့် လုပ်ကိုင်ပြီး ကျန်
ငါးဂိတ်မှာ သမဝါ ယမလက်အောက်ခံဂိတ်များဖြစ် ကာ ကျန်တစ်ဂိတ်မှာ ငြိမ်းချမ်း ရေးဂိတ်ကြောင်း သိရသည်။
Yangon Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment