Pages

Friday, October 4, 2013

"ချင်းတွင်းမြစ် နှင့် ဥရုချောင်း ဆုံရာအနီးတွင် ရေယာဉ်(၂)စီးတိုက်ပြီး (၁)စီး နစ်မြုပ်"

RangonNewsDaily:: October. 4 .2013(3-10-2013)နေ့ နံနက်(၁၀)နာရီခန့် က ဟုမ္မလင်းမြို့ အစုန်ခရီးစဉ်ထွက်ခွာ လာခဲ့သော စန်းမြင့်အောင် ကုန်တင်အမြန်ရေယာဉ် နှင့် ဥရုချောင်းအတွင်း မှ စုန်ဆင်းထွက်ခွာလာသော ငုဝါ ခရီးသည်တင်စက်လှေတို့ သည် ချင်းတွင်းမြစ် နှင့် ဥရုချောင်း အဆုံဝတွင် တိုက်မိရာမှ ခရီးသည်တင် ငုဝါ စက်လှေမှာ တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရှမ်းတိုင်းရင်း သားတစ်ဦးမှ သလ္လာဝတီတိုင်းမ် ကို အတည်ပြုပြောကြားခဲ့ပါတယ်။
" အရှိန်များလာကို မထိန်းနိုင်တာလား ဘယ်လိုလားတော့မပြောတတ်ပါဘူး။
တိုက်မိတာကတော့ ဥရုချောင်းထဲကထွက်လာတဲ့ ခရီးသည်တင်လာတဲ့ စက်လှေက ကုန်တင်မော်တော်ရဲ့ နောက်မြီးပိုင်းကို တိုက်လိုက်တာ။
::
စက်လှေက တိုက်တာဆိုပေမဲ့ ကုန်တင်မော်တော်ကကြီးတော့ ဘာမှမဖြစ်ဘဲ တိုက်တဲ့စက်လှေက နစ်သွားတယ်။ ဖြစ်ဖြစ်ချင်းနီးစပ်ရာကတော့ ၀ိုင်းဝန်းပြီး ကူညီကြတယ်။(၁၉)ယောက်တော့ တစ်ခါတည်းကယ်နိုင်တယ် ဘာမှမဖြစ် ဘူး။ အသက်နည်းနည်းကြီးတဲ့ သူတစ်ယောက် ကတော့ သတိလစ်သွား လို့ ဟုမ္မလင်းဆေးရုံကို ပို့လိုက်တာ ဆုံးသွားပြီလို့သိရတယ်။ ဆုံးသွားတဲ့သူက နောင်ပိုအောင် ကလို့ သိထားတယ်။

အခုထိတော့ ပျောက်
နေတဲ့ အမျိုးသမီး(၂ဦးရှိတယ်။ ရှာလို့မတွေ့သေးပါဘူး။ရှာနေကြတယ်။ အခုနေမှတွေ့ရင် အသက်ရှင်နေလျှက်တွေ့နိုင်ဘို့အခွင်းအလမ်းအင်မတန် မှနည်းသွားပြီ။" ဟု ဟုမ္မလင်းမြို့ မှ အဆိုပါဖြစ်စဉ်အားမျက်မြင်ကြုံတွေ့ခဲ့ ရသူ ရှမ်းတိုင်းရင်းသားတစ်ဦးက သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။
::
အခင်းဖြစ်နေရာသို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နှင့် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်းလည်းသိရှိရသည်။

သလ္လာဝတီတိုင်းမိစ် ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment