Pages

Friday, October 4, 2013

သံဖြူဇရပ်တွင် အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဆွမ်းဆန်စိမ်းလောင်း လှူ

RangonNewsDaily:: October. 4 .2013

မွန် ပြည်နယ် သံဖြူဇရပ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ က ပရဟိတ ဆွမ်းလောင်းအသင်းမှ သံဃာ တော် များ ကို အပတ်စဉ်လောင်း လှူသည့် ဆွမ်းဆန်စိမ်းလောင်းပွဲ အတွက် ဆန်အိတ် များ လှူဒါန်းခဲ့ သည့်အပြင် သံဃာတော်များကိုပါ ကိုယ်တိုင်ကိုယ် ကျ ဆွမ်းလောင်း လှူခဲ့ကြကြောင်း ပရဟိတဆွမ်း လောင်း အသင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းမ်သတင်းစာသို့ ပြောသည်။
''မနေ့က မွန်းလွဲ ၁နာရီမှာ သံဖြူဇရပ်မြို့နယ်က အစ္စလာမ် ရပ်မိရပ်ဖတွေက ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဆန်ငါးတင်း ကို လာရောက် လှူဒါန်းသွားပါ တယ်''ဟု သံဖြူဇရပ်မြို့နယ် ပရ ဟိတ ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးညွန့်ကြည်က ပြောသည်။
::
သံဖြူဇရပ်မြို့နယ် အစ္စ လာမ်ကောင်စီ အတွင်းရေးမှူး ဦးဟာမက်က ''ဒီမြို့မှာရှိတဲ့ ဘာ သာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအ တွက် ရည်ရွယ်ပြီး လှူဒါန်းတာပါ။ ဘာသာအချင်းချင်း လေးစားမှုနဲ့ ကိုယ်တိုင်ကိုယ်ကျလဲ ဆွမ်းလောင်း ကြပါတယ်။ ကျွန်တော်တို့မြို့မှာ ကိုးကွယ်မှုမတူတဲ့လူတွေက အ ချင်းချင်း ယုံကြည်မှုတည်ဆောက် နိုင်ကြတဲ့အတွက် တခြားမြို့တွေ မှာ ဖြစ်နေသလို အကြမ်းဖက်မှု တွေ မဖြစ်နိုင်ပါဘူး''ဟု ပြောသည်။
::
''အစ္စလာမ်ဘာသာဝင်တွေ ကိုယ်တိုင် ဆွမ်းလောင်းလှူနေ တာကို တွေ့ရပါတယ်။ ကျွန်မတို့ မြို့မှာ ဒီလိုငြိမ်းချမ်းစွာနေကြ တာ တွေ့ရတော့ လုံခြုံမှုရှိတယ်လို့ ခံစားရပါတယ်''ဟု မဝင်းဝင်းဌေး က ပြောသည်။
::
သံဖြူဇရပ်မြို့နယ်ရှိ အစ္စ လာမ်ဘာသာဝင်များသည် သံဃာ့ ဆေးရုံ၊ နာရေးကူညီမှုအသင်း များနှင့် လူမှုရေးအဖွဲ့အစည်းများကို ပါ လှူဒါန်းကြောင်း သိရသည်။

ငယ်ထွေး(ကလေး)
Yangon Media ::-- , RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment