Pages

Friday, October 4, 2013

သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပါတီ ခေါင်းဆောင်တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

kolatt(PBDN): October. 4 .2013

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပါတီ ခေါင်းဆောင်တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
::
ဗုဒ္ဓဟူးနေ့ ညဘက်က ဖမ်းဆီးခံရသူတွေကတော့ ဦးစောလှိုင်၊ ဦးမိုးမြင့်အောင်၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦးဝင်းကိုလေးနဲ့ ဦးထွန်းသန့်ကျော်တို့ ဖြစ်ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။
::
ဖမ်းဆီးခံရသူတွေထဲက ဦးစောလှိုင် ခေါ် ဦးမောင်ပုက သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးသိန်းဇံနဲ့ ဦးသိန်းဝင်းတို့ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖြစ်ပါတယ်။
::
လွန်ခဲ့တဲ့နှစ် ဇွန်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုတွေ နောက်ပိုင်းမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ယောက် ဖမ်းဆီးခံရတာဟာ အခု တစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။
::
တရားဝင် နိုင်ငံရေးပါတီက မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို ဗုဒ္ဓဟူးနေ့ညက ရဲက ဖမ်းဆီးသွားပုံဟာ တရားဥပဒေမဲ့ လုပ်ပုံ ဖြစ်တယ်လို့ သုံးသပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောပါတယ်။
::
သံတွဲမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေအတွက် ဖမ်းဆီး အရေးယူ ခံရသူတွေထဲမှာ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်တစ်ယောက်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် နှစ်ယောက် ပါဝင်တာတွေဟာ ထူးခြားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

အခု ဖမ်းဆီး အရေးယူမှုဟာ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရဘက်က ပထမဆုံး ဆောင်ရွက်မှုလို့ ပြောလို့ရနိုင်ပေမယ့် ဖမ်းဆီး အရေးယူတဲ့ နေရာမှာ လက်တွေ့ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို သာမက နိုင်ငံတဝန်း အမုန်းတရားတွေ၊ မမှန်သတင်းတွေ ပြန့်ပွားအောင် လုပ်ဆောင်သူတွေကိုလည်း အရေးယူသင့်တယ်လို့ ရန်ကုန်တိုင်းမ် ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ပြောပါတယ်။
::
ကျူးလွန်သူတွေကိုရော နောက်ကနေ ဦးစီးဦးဆောင် ပြုသူတွေကိုပါ အရေးယူမှသာ အစိုးရ အနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရာ ကျမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ဆိုင်ပိုင်ရှင် တစ်ဦးနဲ့ သုံးဘီး ဆိုင်ကယ် တက္ကစီသမား တစ်ဦးတို့ သာမန် စကားများရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုကြောင့် သံတွဲမြို့နယ်မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ အိမ်ပေါင်း ၇၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

BBC Burmese::--

RangonNewsDaily:: October. 4 .2013
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပါတီ ခေါင်းဆောင်တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ဗုဒ္ဓဟူးနေ့ ညဘက်က ဖမ်းဆီးခံရသူတွေကတော့ ဦးစောလှိုင်၊ ဦးမိုးမြင့်အောင်၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦးဝင်းကိုလေးနဲ့ ဦးထွန်းသန့်ကျော်တို့ ဖြစ်ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။
::
ဖမ်းဆီးခံရသူတွေထဲက ဦးစောလှိုင် ခေါ် ဦးမောင်ပုက သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဦးသိန်းဇံနဲ့ ဦးသိန်းဝင်းတို့ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖြစ်ပါတယ်။
::
လွန်ခဲ့တဲ့နှစ် ဇွန်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုတွေ နောက်ပိုင်းမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ယောက် ဖမ်းဆီးခံရတာဟာ အခု တစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။
::
တရားဝင် နိုင်ငံရေးပါတီက မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို ဗုဒ္ဓဟူးနေ့ညက ရဲက ဖမ်းဆီးသွားပုံဟာ တရားဥပဒေမဲ့ လုပ်ပုံ ဖြစ်တယ်လို့ သုံးသပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောပါတယ်။
::
သံတွဲမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေအတွက် ဖမ်းဆီး အရေးယူ ခံရသူတွေထဲမှာ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်တစ်ယောက်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် နှစ်ယောက် ပါဝင်တာတွေဟာ ထူးခြားမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

အခု ဖမ်းဆီး အရေးယူမှုဟာ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရဘက်က ပထမဆုံး ဆောင်ရွက်မှုလို့ ပြောလို့ရနိုင်ပေမယ့် ဖမ်းဆီး အရေးယူတဲ့ နေရာမှာ လက်တွေ့ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို သာမက နိုင်ငံတဝန်း အမုန်းတရားတွေ၊ မမှန်သတင်းတွေ ပြန့်ပွားအောင် လုပ်ဆောင်သူတွေကိုလည်း အရေးယူသင့်တယ်လို့ ရန်ကုန်တိုင်းမ် ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ပြောပါတယ်။
::
ကျူးလွန်သူတွေကိုရော နောက်ကနေ ဦးစီးဦးဆောင် ပြုသူတွေကိုပါ အရေးယူမှသာ အစိုးရ အနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရာ ကျမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ဆိုင်ပိုင်ရှင် တစ်ဦးနဲ့ သုံးဘီး ဆိုင်ကယ် တက္ကစီသမား တစ်ဦးတို့ သာမန် စကားများရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမှုကြောင့် သံတွဲမြို့နယ်မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ အိမ်ပေါင်း ၇၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

BBC Burmese::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment