Pages

Friday, October 4, 2013

ဒီမိုကရေစီ နှင့် ဘယ်လို နှစ်ပါးသွားမလဲ

RangonNewsDaily:: October. 4 .2013
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့က သတင်းထုတ်ပြန်ချက်(၁၆/၂၀၁၃)၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နေ့စွဲဖြင့် သတင်းထုတ် ပြန်ခဲ့ သည်ကို တွေ့ရ သည်။
ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်၌ဖြစ်ပွားခဲ့သည့် ပြည်သူအချင်းချင်း အငြင်းပွား မှုဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ဖြစ်ပေါ်ခဲ့ရာ တွင် နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအချို့ရှိ သကဲ့သို့ အိုးအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရ သည့် အတွက် နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့ရသည့်ပြည် သူများနှင့်ထပ်တူ ဝမ်းနည်းစိတ် မကောင်း ဖြစ် ရကြောင်း၊ နိုင်ငံတည် ငြိမ်အေး ချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယင်းသို့ဖြစ်ပွား ရခြင်း သည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံး ရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပဋိ ပက္ခများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး၊ ပြစ်မှုကျူးလွန် သူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော် ထုတ်အရေး ယူနိုင်ရေး၊ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သော နေအိမ် များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင် ရွက်သွား မည်ဖြစ်ကာ ပြည်သူများကလည်း ပဋိပက္ခထပ် မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာ လနောက် ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်များကိုကြည့်လျှင်
သာမန်အကြောင်းကိစ္စလေးများက စတင်၍ ပုံကြီးချဲ့ သွားခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် ထိုဖြစ်စဉ်များ ၏နောက်ကွယ်တွင် တိမ်မြှပ်နေသော အခံဖြစ်စဉ်များ ထုနှင့်ထည်နှင့် ရှိနေသည်ကို လိုရာဆွဲ ပုံဖော်သွားသော ပဋိပက္ခဖြစ်စဉ်များအရ တွက်ဆကြည့်မြင်နိုင်ပေသည်။ သို့ရာတွင် ယင်းနည်းလမ်းများသည် အကြမ်းဖက်မှုအ သွင် ဆောင်သောနည်းလမ်းများ ဖြစ်နေသည်ကို တွေ့ ရသည်။ ထိုသို့သောနည်းလမ်းများသည် ဒီမိုကရေစီနည်း လမ်းများ မဟုတ်ပေ။

အထူးသဖြင့် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ တွင် အစိုး ရကောင်းတစ် ရပ် ဖော်ဆောင်နိုင်ရေး တွင် ပြည်သူလူထု သည်လည်း များစွာအရေး ပါ ပါ သည်။ ပြည်သူလူထုက ကောင်းမွန်သောအစိုးရကို ရွေးချယ်ပေးနိုင်ရန် လိုသည်။

ထိုသို့ရွေးချယ်နိုင်ရန် ပြည်သူလူထုတွင်လည်း မြင့်မား သော တော်တည့်မှန်ကန်သော ရည်ရွယ်ချက်၊ စိတ်ဓာတ် နှင့် လုပ်ရပ်များ ဖြစ်နေ ရှိနေရန်လိုပေ သည်။ ဒါမှသာ လျှင် ပြည်သူလူထုသည် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ် တိုင်ဖန်တီးနိုင်သည့် အဆင့်၊ အနေအထားသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီ၏ အနှစ်သာရ လည်း ပီပီပြင်ပြင် ဖြစ်လာနိုင်မည်ဖြစ် သည်။

ထိုသို့မဟုတ် လျှင် တန်းတူညီမျှသော၊ လွတ်လပ်မှုရှိသော၊ လုံခြုံစိတ် ချရမှုရှိသော နိုင်ငံသား
အခွင့်အရေးများကို လက်ဝယ် ပိုင်ပိုင် ရရှိနိုင်မည် မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် အမည် တပ်ထားသော အမည်ခံ ဒီမိုကရေစီ၊ လက်ဝေခံဒီမိုက ရေစီဖြင့်သာ နှစ်ပါးသွားနေရမည်ဖြစ်ပါကြောင်း

အယ်ဒီတာ
Yangon Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment