Pages

Friday, October 4, 2013

ချမ်းမြသာစည်လေယာဉ်ကွင်းတွင် ကန်ဒေါ်လာ ၁၂ သန်းတန် အထက်မြန်မာပြည် မိုးလေဝသစခန်း တည်ဆောက်မည်

RangonNewsDaily:: October. 4 .2013
မန္တလေးချမ်းမြသာစည်လေယာဉ်ကွင်းက
ို ဂျပန်နိုင်ငံအကူအညီဖြင့် အထက်မြန်မာပြည် မိုးလေဝသ စခန်း အဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာ နဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။ ယင်းအပြင် အဆိုပါလေ ယာဉ်ကွင်းကို မြန်မာ့လေကြောင်း လိုင်း အခြေပြုလေ ယာဉ်များဖြင့် ခရီးစဉ်များပြေးဆွဲနိုင်ရန် စီစဉ် လျက်ရှိပြီး မန္တလေးအပြည်ပြည် ဆိုင်ရာလေယာဉ်ကွင်း၏ အရန် လေယာဉ်ကွင်းအဖြစ် အသုံးပြု သွားမည်ဖြစ်ကြောင်း အောက်တို ဘာ ၂ရက်ကကျင်းပပြု လုပ်သည့် ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အ စည်းအဝေးဒုတိယနေ့တွင် ချမ်းမြ သာစည်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်၏ ချမ်းမြသာစည်လေယာဉ်ကွင်းကို ပြည်သူ့ရင်ပြင်အဖြစ်လည်း ကောင်း၊ ပညာရေးဆိုင်ရာတက္က သိုလ်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးတက္ကသိုလ်များ၊ နိုင်ငံတော် ပိုင် ခေတ်မီဆေးရုံကြီးများတည် နေရာအဖြစ်လည်ကောင်း သတ် မှတ်ပေးခြင်းရှိမရှိ မေးခွန်းနှင့်ပတ် သက်ပြီးမေးမြန်းမှုကို ပြန် လည် ဖြေကြားခြင်းဖြစ်သည်။

ဒုဝန်ကြီးဦးဇင်ယော်က''ချမ်း မြသာစည်လေယာဉ်ကွင်းကို ပြေး ဆွဲဖို့အတွက် လူ ၁ဝယောက်စီး နင်းနိုင်တဲ့ အမေရိကန်နိုင်ငံထုတ် Cessna Grand Caravan အပေါ့ စား လေယာဉ်အသစ်နှစ်စင်းကို ဝယ်ယူထားပါတယ်။ မိုးလေဝသ စခန်းကို ဂျပန်နိုင်ငံ JICA ရဲ့အကူ အညီနဲ့ ကန်ဒေါ်လာ ၁၂သန်း အကုန်အကျခံပြီးဆောင်ရွက် မယ်''ဟု ပြောသည်။

ယင်းလေယာဉ်ကွင်းသို့ ပြည်တွင်းလေကြောင်းခရီးစဉ် များပြေးဆွဲနိုင်ရန် အတွက် အဆို ပါ အမေရိကန်နိုင်ငံထုတ်လေ ယာဉ်များကို ယခုလ အတွင်း မြန် မာလေယာဉ်မှူးများ သွားရောက် ယူဆောင် မည်ဖြစ်ကြောင်း ဒုဝန် ကြီးကထပ်မံပြောသည်။

ဒုဝန်ကြီးက''အဲဒီလေယာဉ် တွေနဲ့ အခြေပြုပြေးဆွဲမယ့် လေ ကြောင်းခရီး စဉ်တွေက အကောင် အထည်ပေါ်လာမှာဖြစ်ပြီးတော့ မန္တလေး အခြေစိုက်ပြေးဆွဲဖို့ရှိ ပါတယ်။ လေယာဉ်ကွင်းငယ်တွေ ဖြစ်တဲ့ ကျောက်ထု၊ လားရှိုး၊ ပူ တာအို၊ ခန္တီးစတဲ့ လေယာဉ်ကွင်း တွေမှာ ခရီးသည်ရှိတဲ့အရေအ တွက်အရ ပြေးဆွဲဖို့ဆောင်ရွက် နေပါတယ်''ဟု ပြောသည်။

လက်ရှိတွင် အဆိုပါချမ်းမြ သာစည်လေယာဉ်ကွင်းသည် မြန် မာနိုင်ငံ မှ နေ့စဉ်ဖြတ်ကျော် ပျံ သန်းလျက်ရှိသော အပြည်ပြည် ဆိုင်ရာလေယာဉ် ၁၅ဝကျော် ဆုံရပ်အဖြစ် သတင်းပို့ရာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မြို့ပြလေ ကြောင်းအဖွဲ့ရဲ့ အသိအမှတ်ပြု ဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။

လက်ရှိမြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ကွင်းရှိပြီး အသုံးပြုခြင်းမရှိသည့် လေယာဉ် ကွင်း ၃၇ ကွင်းရှိကြောင်း လေ ကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။
Yangon Media ,  RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment