Pages

Friday, October 4, 2013

တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို

Photo: တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို
Thursday, October 3, 2013

တရုတ်တို့၏ရန်ကို ခုခံကာကွယ်နိုင်သည့် စွမ်းရည် မြှင့်တင်နိုင် ရန် ရေငုပ်သင်္ဘော များနှင့် အဆင့်မြင့် တိုက်လေယာဉ်များ ရောင်းချပေးရန် အမေရိကန်ပြည်ထောင်စု ကို ထိုင်ဝမ် အထက်တန်းအရာရှိကြီး တစ်ဦးက ထပ်မံတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ မာရင်ကျိုးလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသော်လည်း အဆင့်မြင့် လက်နက်များရောင်းချပေးရန် တိုက်တွန်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းရာတွင် စစ်အင်အား အသုံးပြုသည့် နည်းလမ်းကို ပစ်ပယ်မည်မဟုတ်ဟု တရားဝင် ပြောကြားထားခြင်းကြောင့် ထိုင်ဝမ်က မိမိ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြင့်တင်လျက် ရှိသည်။

"တရုတ်ပြည်မကြီးရဲ့ စစ်ရေးစွမ်းရည် က ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရမ်းကို တိုးတက်လာပါတယ်။ အဲဒါတွေက ထိုင်ဝမ် အတွက် အရမ်းကို အန္တရာယ်ကြီး တဲ့ ခြိမ်းခြောက်မှုတွေပါ" ဟု ထိုင်ဝမ် ဒုတိယကာ ကွယ် ရေးဝန်ကြီးရန်တီဖက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ကျင်းပသော အမေရိကန်-ထိုင်ဝမ် ကာကွယ်ရေး စက်မှုလုပ်ငန်း ကွန်းဖရင့်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ထိုင်ဝမ်နိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာသော စစ်ရေးစွမ်းရည် က မည်မျှ ခြိမ်းခြောက်မှုပေးနိုင်မည်ကို လေ့လာ သုံးသပ်နိုင်ရန် အမေရိကန်-ထိုင်ဝမ် ကွန်းဖရင့်ကို ၂၀၀၂ ခုနစ်မှစတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကွန်းဖရင့် ကျင်းပခဲ့သည်။

အမေရိကန်နိုင်ငံထံမှ ရေငုပ်သင်္ဘော များကို ဦးစားပေး ဝယ်ယူလိုကြောင်း ထိုင်ဝမ်၏ အထက်တန်းအရာရှိ ရန်က ပြောကြားသည်။

ထို့အပြင် ထိုင်ဝမ်လေတပ်တွင် လက်ရှိအသုံးပြုနေသော င်္-၁၆ တိုက် လေယာဉ်များထက် အဆင့်မြင့်သည့် တိုက်လေယာဉ်များလည်း ဝယ်ယူလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြော ကြားသည်။

ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ် လက်ထက်အတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို သမားရိုးကျ ရေငုပ်သင်္ဘော ရှစ်စင်းနှင့် အခြားသော လက်နက်ပစ္စည်း များကို ရောင်းချပေးခဲ့ပြီး ယင်းကဲ့သို့ ရောင်းချ ပေးမှုသည် ၁၉၉၂ ခုနစ်နောက်ပိုင်း အငြင်းပွားဖွယ် အကောင်းဆုံး အမေရိက၏ လက်နက်ရောင်းချမှုဖြစ်စဉ် ဖြစ်သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စု တွင် သမားရိုးကျရေငုပ် သင်္ဘောများ မတည်ဆောက်ဖြစ်သည်မှာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ ဖြစ်သဖြင့် လက်နက်တင်ပို့ရေး မှာယူမှုတွင် တိုးတက်မှု အတည်းငယ်သာ ရှိခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး မဟုတ်သော သမားရိုးကျ ရေငုပ်သင်္ဘောများကို ဂျာမနီနှင့် စပိန်နိုင်ငံတို့က ထုတ်လုပ်လျက် ရှိသော်လည်း တရုတ်နိုင်ငံက စိတ်ဆိုးဒေါသထွက် မည်ကိုစိုးရိမ်ခြင်းကြောင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချခြင်း မပြုပေ။

ထိုင်ဝမ်ရေတပ်တွင် ရေငုပ်သင်္ဘော လေးစင်း အသုံးပြုနေပြီး ယင်းအနက် နှစ်စင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ပြည်ထောင်စု၌ တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘော များ ဖြစ်ကာ စစ်ပွဲကာလတွင် အသုံးဝင်ခြင်း မရှိတော့ဘဲ ရေငုပ် သင်္ဘော နှစ်စင်းသာ တာဝန်ထမ်း ဆောင်နိုင် မည် ဖြစ်ခြင်းကြောင့် ရေငုပ်သင်္ဘောများ အရေးတကြီး လိုအပ်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: October. 4 .2013
တရုတ်တို့၏ရန်ကို ခုခံကာကွယ်နိုင်သည့် စွမ်းရည် မြှင့်တင်နိုင် ရန် ရေငုပ်သင်္ဘော များနှင့် အဆင့်မြင့် တိုက်
လေယာဉ်များ ရောင်းချပေးရန်အမေရိကန်ပြည်ထောင်စုကိုထိုင်ဝမ် အထက်တန်းအရာရှိကြီး တစ်ဦးက ထပ်
မံတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ထိုင်ဝမ်သမ္မတ မာရင်ကျိုးလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသော်
လည်းအဆင့်မြင့်လက်နက်များရောင်းချပေးရန်တိုက်တွန်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ယင်းကဲ့သို့ နှစ်နိုင်
ငံဆက်ဆံရေး ကောင်းမွန်နေသော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်း
ရာတွင် စစ်အင်အား အသုံးပြုသည့် နည်းလမ်းကို ပစ်ပယ်မည်မဟုတ်ဟု တရားဝင် ပြောကြားထားခြင်း
ကြောင့် ထိုင်ဝမ်က မိမိ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြင့်တင်လျက် ရှိသည်။

"တရုတ်ပြည်မကြီးရဲ့ စစ်ရေးစွမ်းရည် က ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရမ်းကို တိုးတက်လာပါတယ်။ အဲဒါတွေ
က ထိုင်ဝမ် အတွက် အရမ်းကို အန္တရာယ်ကြီး တဲ့ ခြိမ်းခြောက်မှုတွေပါ" ဟု ထိုင်ဝမ် ဒုတိယကာ ကွယ် ရေး
ဝန်ကြီးရန်တီဖက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ကျင်းပသော အမေရိကန်-ထိုင်ဝမ် ကာ
ကွယ်ရေး စက်မှုလုပ်ငန်း ကွန်းဖရင့်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ထိုင်ဝမ်နိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာသော စစ်ရေးစွမ်းရည် က မည်မျှ ခြိမ်းခြောက်မှုေ
ပးနိုင်မည်ကို လေ့လာ သုံးသပ်နိုင်ရန် အမေရိကန်-ထိုင်ဝမ် ကွန်းဖရင့်ကို ၂၀၀၂ ခုနစ်မှစတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကွန်းဖရင့် ကျင်းပခဲ့သည်။

အမေရိကန်နိုင်ငံထံမှ ရေငုပ်သင်္ဘော များကို ဦးစားပေး ဝယ်ယူလိုကြောင်း ထိုင်ဝမ်၏ အထက်တန်းအရာရှိ ရန်က ပြောကြားသည်။

ထို့အပြင် ထိုင်ဝမ်လေတပ်တွင် လက်ရှိအသုံးပြုနေသော င်္-၁၆ တိုက် လေယာဉ်များထက် အဆင့်မြင့်သည့် တိုက်လေယာဉ်များလည်း ဝယ်ယူလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြော ကြားသည်။

ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ် လက်ထက်အတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို သမားရိုး
ကျ ရေငုပ်သင်္ဘော ရှစ်စင်းနှင့် အခြားသော လက်နက်ပစ္စည်း များကို ရောင်းချပေးခဲ့ပြီး ယင်းကဲ့သို့ ရောင်းချ
 ပေးမှုသည် ၁၉၉၂ ခုနစ်နောက်ပိုင်း အငြင်းပွားဖွယ် အကောင်းဆုံး အမေရိက၏ လက်နက်ရောင်းချမှုဖြစ်
စဉ် ဖြစ်သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စု တွင် သမားရိုးကျရေငုပ် သင်္ဘောများ မတည်ဆောက်ဖြစ်သည်မှာ
 နှစ်ပေါင်း ၄၀ ကျော်သွားပြီ ဖြစ်သဖြင့် လက်နက်တင်ပို့ရေး မှာယူမှုတွင် တိုးတက်မှု အတည်းငယ်သာ ရှိခဲ့
သည်။

နျူကလီးယားစွမ်းအင်သုံး မဟုတ်သော သမားရိုးကျ ရေငုပ်သင်္ဘောများကို ဂျာမနီနှင့် စပိန်နိုင်ငံတို့က ထုတ်
လုပ်လျက် ရှိသော်လည်း တရုတ်နိုင်ငံက စိတ်ဆိုးဒေါသထွက် မည်ကိုစိုးရိမ်ခြင်းကြောင့် ထိုင်ဝမ်သို့ တင်ပို
့ရောင်းချခြင်း မပြုပေ။

ထိုင်ဝမ်ရေတပ်တွင် ရေငုပ်သင်္ဘော လေးစင်း အသုံးပြုနေပြီး ယင်းအနက် နှစ်စင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်
များတွင် အမေရိကန်ပြည်ထောင်စု၌ တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘော များ ဖြစ်ကာ စစ်ပွဲကာလတွင် အသုံးဝင်ခြင်း မရှိတော့ဘဲ ရေငုပ် သင်္ဘော နှစ်စင်းသာတာဝန်ထမ်း ဆောင်နိုင်မည် ဖြစ်ခြင်းကြောင့် ရေငုပ်
သင်္ဘောများ အရေးတကြီး လိုအပ်လျက် ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment