Pages

Friday, October 4, 2013

"သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."

Photo: "သရုပ်ဆောင် အင်အား အယောက် ၈ဝကျော် နဲ့ ရိုက်ကူးထားတဲ့ ဟဲလေးရဲ့ ဒီဗီဒီ."
Thursday, October 3, 2013

ဟဲလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ အလှူလုပ်ခဲ့ပါတယ်။ ဒီဂေဟာ မှာတော့ ရှမ်းပြည်ဘက်က မိဘမဲ့ ကလေးတွေ များပြီး ကလေးတွေကို သူငယ်ချင်းတွေ နဲ့အတူ သွားရောက် လှူဒါန်း ရတဲ့ အတွက် ပီတိလည်း ဖြစ်မိကြောင်း ဟဲလေးကပြောပါတယ်။

ဟဲလေးက အခု လတ်တလောမှာတော့ ဒယ်ဒီဟဲလေး ဒီဗီဒီကို အောက်တို ဘာလ ထဲမှာ ထွက် နိုင်အောင် ကြိုးစားနေပါတယ်။ ဒယ်ဒီဟဲလေးက စီဒီ ထွက်ရှိ ခဲ့ပြီး ပြီ ဖြစ်ပါတယ်။ စီဒီမှာတော့ သီချင်း၁၂ပုဒ် ပါဝင်ခဲ့ပြီး ဒီဗီဒီ မှာတော့ သီချင်း၁၂ ပုဒ် အပြင် ဘောနက် အဖြစ် သုံးပုဒ်ကို ပရိသတ်တွေ အတွက် ထည့်ပေး ထားကြောင်း ဒီ သုံးပုဒ် ကိုလည်း ထူးထူးခြားခြား လေးဖြစ်အောင် ရိုက်ကူးထားကြောင်း ဟဲလေးက ပြောပါတယ်။ 

အရင်ထွက်ခဲ့တဲ့ ဒီဗီဒီတွေ နဲ့ ဒယ်ဒီ ဟဲလေး ဒီဗီဒီ ကကွာခြား မှုတွေ ရှိမှာဖြစ်တယ် လို့ပြောလာတဲ့ ဟဲလေးက "အိုးဆားဗစ်တုန်း က ပရိသတ်တွေ ရဲ့အားပေးမှု အများကြီးရ ခဲ့တယ်။ ဒီအခွေမှာ လည်း အိုးဆားဗစ်ထက် ပိုကောင်းအောင် လုပ်ထားတဲ့ အတွက် ကုန်ကျ စရိတ်တွေကလည်း ပိုများ တယ်။ ရိုက်ကူးရေး ပိုင်းမှာလည်း သေချာ လေး လုပ်ထားတယ်။ အကောင်းဆုံး ဖြစ်စေ ချင်တဲ့ဆန္ဒနဲ့ပေါ့" လို့ အခွေ နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဖေ့စ်ဘုတ် ခရေဇီ သီချင်း ဒီဗီဒီမှာတော့ နစ်ကီ၊ အိန်းအိန်း စတဲ့ အဆို တော်တွေ အပါအဝင် သရုပ်ဆောင် အယောက် ၄ဝယောက် ကို ထည့်သွင်း ရိုက်ကူးထား ပြီး၊ တစ်ခွေလုံး နီးပါးအနေ နဲ့ကတော့ သရုပ်ဆောင် အယောက် ၈ဝကျော် လောက်ကို မြိုင်မြိုင် ဆိုင်ဆိုင် ထည့် သွင်း ရိုက်ကူး ထားကြောင်း Title Song ဖြစ်တဲ့ ဒယ်ဒီ ဟဲလေး သီချင်းရဲ့ ဗီစီဒီကို လည်း သူတို့သားအဖ အပါအဝင် Rဇာနည် တို့သားအဖ ၊ဇော်ပိုင်တို့ သားအဖ၊ ဖိုးကာ တို့သားအဖ ၊Lလွန်းဝါတို့ သားအဖ၊ ဆန်းထွဋ် တို့သားအဖတွေ နဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ အတွက် ကြည့်ရတဲ့ ပရိသတ်တွေ အနေနဲ့ လည်း အမြင်ဆန်းစေ မှာဖြစ်ကြောင်း ဟဲလေး ကအကြို သတင်းပေး ပါတယ်။ 

ဒယ်ဒီဟဲ လေးအခွေရဲ့ ဗီစီဒီကို အရှုံးအမြတ် အတွက် အဓိကမထားဘဲ အရည်အသွေး အကောင်းဆုံး ဖြစ် အောင်ပဲ ရိုက်ကူးထား ပါတယ်လို့ ဟဲလေး က ဆိုပါတယ်။ 

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: October. 4 .2013
ဟဲလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေက မြောက်ဒဂုံမြို့နယ်၊ ၄၈ရပ်ကွက် မှာရှိတဲ့ အိပ်မက်လှ ရထားလေး ဆိုတဲ့ နာမည် နဲ့ တည်ထောင်ထားတဲ့ ဂေဟာက ကလေးတွေ အတွက် တစ်နေ့စာ အလှူလုပ်ခဲ့ပါတယ်။ ဒီဂေဟာ မှာတော့ရှမ်းပြည်ဘက်က မိဘမဲ့ ကလေးတွေ များပြီး ကလေးတွေကို သူငယ်ချင်းတွေ နဲ့အတူ သွား
ရောက် လှူဒါန်း ရတဲ့ အတွက် ပီတိလည်း ဖြစ်မိကြောင်း ဟဲလေးကပြောပါတယ်။

ဟဲလေးက အခု လတ်တလောမှာတော့ ဒယ်ဒီဟဲလေး ဒီဗီဒီကို အောက်တို ဘာလ ထဲမှာ ထွက် နိုင်အောင် ကြိုးစားနေပါတယ်။ ဒယ်ဒီဟဲလေးက စီဒီ ထွက်ရှိ ခဲ့ပြီး ပြီ ဖြစ်ပါတယ်။ စီဒီမှာတော့ သီချင်း၁၂ပုဒ် ပါဝင်ခဲ့ပြီး ဒီဗီဒီ မှာတော့သီချင်း၁၂ ပုဒ်အပြင် ဘောနက်အဖြစ်သုံးပုဒ်ကို ပရိသတ်တွေ အတွက် ထည့်ပေး ထားကြောင်း
 ဒီ သုံးပုဒ် ကိုလည်း ထူးထူးခြားခြား လေးဖြစ်အောင် ရိုက်ကူးထားကြောင်း ဟဲလေးက ပြောပါတယ်။

အရင်ထွက်ခဲ့တဲ့ ဒီဗီဒီတွေ နဲ့ ဒယ်ဒီ ဟဲလေး ဒီဗီဒီ ကကွာခြား မှုတွေ ရှိမှာဖြစ်တယ် လို့ပြောလာတဲ့ ဟဲလေး
က "အိုးဆားဗစ်တုန်းကပရိသတ်တွေ ရဲ့အားပေးမှုအများကြီးရ ခဲ့တယ်။ ဒီအခွေမှာ လည်း အိုးဆားဗစ်ထက်
ပိုကောင်းအောင် လုပ်ထားတဲ့ အတွက် ကုန်ကျ စရိတ်တွေကလည်း ပိုများ တယ်။ ရိုက်ကူးရေး ပိုင်းမှာလည်း
သေချာ လေး လုပ်ထားတယ်။ အကောင်းဆုံး ဖြစ်စေ ချင်တဲ့ဆန္ဒနဲ့ပေါ့" လို့ အခွေ နဲ့ ပတ်သက်ပြီး ပြောပြပါ
တယ်။
 
ဖေ့စ်ဘုတ် ခရေဇီ သီချင်း ဒီဗီဒီမှာတော့ နစ်ကီ၊ အိန်းအိန်း စတဲ့ အဆို တော်တွေ အပါအဝင် သရုပ်ဆောင် အယောက် ၄ဝယောက် ကို ထည့်သွင်း ရိုက်ကူးထား ပြီး၊ တစ်ခွေလုံး နီးပါးအနေ နဲ့ကတော့ သရုပ်ဆောင် အယောက် ၈ဝကျော် လောက်ကို မြိုင်မြိုင် ဆိုင်ဆိုင် ထည့် သွင်း ရိုက်ကူး ထားကြောင်း Title Song ဖြစ်တဲ့ ဒယ်ဒီ ဟဲလေး သီချင်းရဲ့ ဗီစီဒီကို လည်း သူတို့သားအဖ အပါအဝင် Rဇာနည် တို့သားအဖ ၊ဇော်ပိုင်တို့ သားအဖ၊ ဖိုးကာ တို့သားအဖ ၊Lလွန်းဝါတို့ သားအဖ၊ ဆန်းထွဋ် တို့သားအဖတွေ နဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ အတွက် ကြည့်ရတဲ့ ပရိသတ်တွေ အနေနဲ့ လည်း အမြင်ဆန်းစေ မှာဖြစ်ကြောင်း ဟဲလေး ကအကြို သတင်းပေး ပါတယ်။

ဒယ်ဒီဟဲ လေးအခွေရဲ့ ဗီစီဒီကို အရှုံးအမြတ် အတွက် အဓိကမထားဘဲ အရည်အသွေး အကောင်းဆုံး ဖြစ်
အောင်ပဲ ရိုက်ကူးထား ပါတယ်လို့ ဟဲလေး က ဆိုပါတယ်။

လင်းအက္ခရာ
Popular Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment