Pages

Friday, October 4, 2013

အမေရိကန် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းက ဥရောပစီးပွားရေးကို အထူးထိခိုက်နိုင်သည်ဟု ပြင်သစ်နှင့် ဂျာမဏီ သတိပေး

RangonNewsDaily:: October. 4 .2013
အမေရိကန်အစိုးရ လုပ်ငန်းများအား ယာယီရပ်ဆိုင်းလိုက်ခြင်းနှင့် အစိုးရ၏ ငွေကြေးအများဆုံး ချေးငှားနိုင်မှုအပေါ် အချေအတင် ငြင်းခုံနေခြင်းတို့မှာ ကမ်္ဘာတစ်လွှားတွင် ဂယက်ရိုက်ခတ်မှုများ ပေါ်ပေါက်လာနိုင်ပြီး၊ ဥရောပဒေသ စီးပွားရေးအား အထူးထိခိုက်နိုင်သည်ဟု ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့မှ သတိပေး ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ “တုံ့ပြန်မှုနှေးကွေးနေရင် အမေရိကန်အစိုးရ လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားခြင်းက အမေရိကန်အစိုးရအတွက်သာမက ကမ္ဘာ့စီးပွားရေးအတွက်ပါ အန္တရာယ်များနိုင်ပါတယ်” ဟု ဥရောပ ဗဟိုဘဏ်အကြီးအ ကဲ Mario #Draghi က ပြောကြားလိုက်သည်။

“လောလောဆယ်မှာတော့ ကျွန်တော်တို့က ဒီလိုဖြစ်လာနိုင်မယ့် အခြေအနေမရှိဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဝါရှင်တန်မြို့တော်တွင် အစိုးရဘတ်ဂျက်အပေါ် သဘောထားကွဲလွဲနေသည့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်များမှာလည်း အစိုးရ၏ အမြင့်ဆုံး ငွေချေးငှားနိုင်သည့် အာဏာနှင့် ဆိုးရွားသော အကြွေးပေးမှု
ပျက်ကွက်ခြင်းအား ရှောင်ရှားနိုင်ရေးကိစ္စရပ်နှစ်ခုအား ဖြေရှင်းရန်အတွက် နှစ်ပတ်သာ ကျန်ရှိတော့သည်။

၁၇ နှစ်အတွင်း အစိုးရအား ပထမဆုံးအကြိမ်အဖြစ် ယာယီဆိုင်းငံ့အပြီး တစ်ရက်အကြာတွင် ဥပဒေပြု လွှတ်တော်အမတ်များအနေဖြင့် သဘောထား မတိုက်ဆိုင်မှုများနှင့် ယခုကဲ့သို့ ကြုံတွေ့နေရခြင်း ဖြစ်သည်။

သမ္မတအိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေအား ဖြတ်တောက်ရန် ရီပတ်ဘလစ်ကန်များမှ တောင်းဆိုထားခြင်းအား ဒီမိုကရက်များက ငြင်းဆိုထားသည်။

ယင်းအကျပ်အတည်းကြောင့် ပြည်ထောင်စုအစိုးရ၀န်ထမ်းပေါင်း ၈၀၀,၀၀၀ ကျော်အားအလုပ်မှ ရပ်နားထား
ရပြီး အစိုးရဌာနတော်တော်များများမှာလည်း ပိတ်ပင်ခဲ့ရခြင်း သို့မဟုတ် ၀န်ထမ်းအနည်းငယ်သာ ကျန်ရှိတော့ခြင်းများနှင့် ရင်ဆိုင်နေရသည်။ သို့သော် ယင်းအကျပ်အတည်းမှာ ဈေးကွက်အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိသေးဟု ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ထားကြသည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment