Pages

Friday, October 4, 2013

ရန်ကုန်-မန္တလေးယာဉ်လိုင်း တစ်ခုပေါ်တွင် ခရီးသည်တစ်ဦးငွေကျပ်သိန်း ၂၀ ကျော်နှင့် ဟန်းဖုန်းတစ်လုံးပျောက်ဆုံး

RangonNewsDaily:: October. 4 .2013
ရန်ကုန်-မန္တလေးပြေးဆွဲသည့် အကယ်ဒမီ ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာသူတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ ကျပ်သိန်း ၂၀ ကျော်နှင့် ဟန်းဖုန်းတစ်လုံး ပျောက်ဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။''ဖြစ်စဉ်ကလည်း ထူးဆန်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ၁၁၅ မိုင်မှာ ခဏနားပြီး ပြန်တက်တော့ အိတ်ထဲကို ပိုက်ဆံတစ်သိန်းလေးသောင်း ထည့်သေးတဲ့အချိန်ထိ ၁၉ သိန်းက ရှိသေးတယ်။အဲနောက်ပိုင်း ကားက ဘယ်မှမရပ်တော့ဘူး။

ဟန်းဖုန်းနှစ်လုံးမှာ စီဒီအမ်အေဟန်းဆက်နဲ့ တစ်လုံးပဲယူသွားပြီး ပိုက်ဆံက သိန်း၂၀ နဲ့ လေးသောင်းပါ။ အိတ်ကို သေသေချာချာ မွှေနှောက်ပြီးမှ ယူသွားတဲ့သဘောပါ''ဟု ပျောက်ဆုံးခဲ့သူ ကိုအောင်က ပြောကြားသည်။
::
''ကျွန်တော့် ခုံနောက်မှာ ဘယ်ခရီးသည်မှမပါတော့ဘူး။ ကားပေါ်မှာလည်း ခရီးသည် စုစုပေါင်း ၂၀ ရယ် ကားသမား သုံးဦးရယ်ပဲ ပါတာပါ။ ပျောက်သွားတာကို အိမ်ရောက်မှ သိလို့ ကားဂိတ်ကို သွားပြောတော့ တာဝန်ယူ ဖြေရှင်းမပေးဘူး။

ခုပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ပိုက်ဆံ ပြန်မရနိုင်တော့ပေမယ့် ဒီလိုဖြစ်စဉ်တွေ နောက်ထပ်မဖြစ်စေချင်ပါဘူး။ ကားအသင်းတွေ အနေနဲ့လည်း တာဝန်ယူမှုအပိုင်း ပိုရှိသင့်တယ်။ကားပေါ်တင် ပျောက်တာဆိုတာ တထစ်ချ ပြောလို့ရပါတယ်'' ဟု ဆက်လက်ပြောကြားသည်။
::
ယင်းဖြစ်စဉ်ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းတွင် ပုဒ်မ ၁၅၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Eleven Media ::-- , RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment