Pages

Thursday, June 6, 2013

ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"

"ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"
=============================

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည်  Skyfall  ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
	
ဘွန်းဇာတ်ကားများ၌ သရုပ်ဆောင်ရန် ခရုဇ်သည် အိုမင်းလှပြီဟု စာနယ်ဇင်းသမားများက မှတ်ချက်ပြုပြောကြားခဲ့သော်လည်း အများစုက ကောင်းချီးသြဘာပေးခဲ့ကြကြောင်း သိရသည်။ သူမသည် မိန်းမပီသသူတစ်ဦးဖြစ်ပြီး နောက်ဆုံးတွင် ဘွန်းဇာတ်ကောင်၏ သက်တူရွယ်တူ ချစ်သူနေရာက သရုပ်ဆောင်မည့်သူတွေ့ပြီဟု အများကမှတ်ချက်ပေးခဲ့ကြသည်။
	
ဘွန်းဇာတ်ကားသစ်အား အမည်ပေးရခြင်း မရှိသေးသော်လည်း ဇာတ်ကားထုတ်လုပ်မှုကို ခရုဇ်၏ အသက် ၄ဝ ပြည့် မွေးနေ့အပြီး ၂ဝ၁၄ ခုနှစ် နွေရာသီ၌ စတင်မည်ဖြစ်သည်။ သူမသည် လတ်တလော၌ ရင်သွေးလေး လွယ်ထားရသော်လည်း ၎င်းကိစ္စသည် ရိုက်ကူးရေးအစီအစဉ် အနှောင့်အယှက်ဖြစ်မည်ကို ထုတ်လုပ်သူများက စိုးရိမ်ခြင်းမရှိကြောင်း သိရသည်။
	
''ခရုဇ်ကို ထက်မြက်တဲ့ ဘွန်း ဇာတ်ကောင် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့ရတော့မယ်။ ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်ဖို့ Óဏ်ကောင်းသလို ဆွဲဆောင်မှုလည်း ရှိရမယ်။ အဲ့ဒီအချက်အားလုံးက သူနဲ့ အံကိုက်ပါပဲ'' ဟု ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။ 

သိင်္ဂီဝင်း (Ref: Yahoo News)

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည် Skyfall ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်
သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်
ခဲ့သည်။ ဘွန်းဇာတ်ကားများ၌ သရုပ်ဆောင်ရန် ခရုဇ်သည် အိုမင်းလှပြီဟု စာနယ်ဇင်းသမားများက မှတ်ချက်ပြုပြော
ကြားခဲ့သော်လည်း အများစုက ကောင်းချီးသြဘာပေးခဲ့ကြကြောင်း သိရသည်။ သူမသည် မိန်းမပီသသူတစ်
ဦးဖြစ်ပြီး နောက်ဆုံးတွင် ဘွန်းဇာတ်ကောင်၏ သက်တူရွယ်တူ ချစ်သူနေရာက သရုပ်ဆောင်မည့်သူတွေ့ပြီ
ဟု အများကမှတ်ချက်ပေးခဲ့ကြသည်။

ဘွန်းဇာတ်ကားသစ်အား အမည်ပေးရခြင်း မရှိသေးသော်လည်း ဇာတ်ကားထုတ်လုပ်မှုကို ခရုဇ်၏ အသက် ၄ဝ ပြည့် မွေးနေ့အပြီ၂ဝ၁၄ ခုနှစ် နွေရာသီ၌စတင်မည်ဖြစ်သည်။ သူမသည် လတ်တလော၌ ရင်သွေးလေး 
လွယ်ထားရသော်လည်း ၎င်းကိစ္စသည် ရိုက်ကူးရေးအစီအစဉ် အနှောင့်အယှက်ဖြစ်မည်ကို ထုတ်လုပ်သူများ
က စိုးရိမ်ခြင်းမရှိကြောင်း သိရသည်။

''ခရုဇ်ကို ထက်မြက်တဲ့ ဘွန်း ဇာတ်ကောင် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့ရတော့မယ်။ ဘွန်းဇာတ်
ကောင် အမျိုးသမီးဖြစ်ဖို့ Óဏ်ကောင်းသလိုဆွဲဆောင်မှုလည်း ရှိရမယ်။အဲ့ဒီအချက်အားလုံးက သူနဲ့ အံကိုက်
ပါပဲ'' ဟု ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။

သိင်္ဂီဝင်း (Ref: Yahoo News)
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၆.၆.၂၀၁၃

0 comments:

Post a Comment