Pages

Thursday, June 6, 2013

တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ

Photo: တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ
Wednesday, June 05, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း
(ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း က
ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်
ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင်
ညှိနှိုင်းမှုရရှိပြီး နားလည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း
သိရသည်။

အဆိုပါ ကုန်တင်ယာဉ်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ
ဟင်္သာတ-ဇလွန် လမ်းပိုင်းအား မိုးရာသီကာလဖြစ်သော ဇွန် ၁ ရက် မှ
စက်တင်ဘာလကုန် အထိ ယာဉ်နှင့် ကုန် ၁၆ တန် အထက် ယာဉ်များ
ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဇွန် ၂ ရက်
ညနေ ၅ နာရီခန့်၌ ကြေညာဆိုင်းဘုတ်ထောင်၍ တားမြစ်ခဲ့သည့်အတွက် ယင်း ToLL
Gate တွင် ဇွန် ၂ ရက် ညနေမှ စပြီး ကုန်တင်ယာဉ်များ ရပ်တန့်ခဲ့ကာ ဇွန် ၎
ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းရရှိသဖြင့် နားလည်မှုသဘောဖြင့်
တစ်ခေါက်သာ ခွင့်ပြုခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

ထိုသို့ တားမြစ်ခံရစဉ်အချိန် ၄၃ နာရီအတွင်း Green Land ဆီဆိုင်မှ
ဆီဘောက်ဆာ (၂၁)တန်ခန့် ရှိကား များ ဖြတ်သန်းသွားလာခဲ့၍ တားမြစ်ခံရသော
ယာဉ်များမှ ဆောက်လုပ်ရေးဌာနအား တရားစွဲဆိုရန် တိုင်ကြား
အသိပေးခဲ့သော်လည်း နောက်ထပ်မဖြစ်ရန် ကြပ်မတ်ပေးမည်သာ အဖြေရခဲ့ကြောင်း၊
လမ်းပိုင်း ပိတ်ပင်မှုအတွက် လောလောဆယ် နားလည်မှုဖြင့်
တစ်ခေါက်သွားခွင့်ရခဲ့သော်လည်း ဆက်လက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း
ယာဉ်ပိုင်ရှင်များထံက သိရသည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် လက်ရှိအသုံးပြု
သွားလာလျှက်ရှိသော (၈)ဘီး၊ (၁ဝ)ဘီး နှင့် (၁၂) ဘီး ကုန်တင်ယာဉ်
(၄၄)စီးခန့် ရှိပြီး မှီခိုသူ ဦးရေ (၂ဝဝ)ကျော် ရှိကြောင်း
မြို့နယ်ကုန်ကားကြီးများ အသင်း ထံက သိရသည်။

Hinthata HumanRights

Wednesday, June 06, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စုနင်းကြမ်း (ငြိမ်းချမ်း) ကျေးရွာ Toll Gate 
တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ကယာဉ်နှင့်ကုန်(၁၆)တန်အထက်ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်း
သွားလာခွင့်ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင်ညှိနှိုင်းမှုရရှိပြီး နား
လည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါ ကုန်တင်ယာဉ်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှဟင်္သာတ-ဇလွန် လမ်းပိုင်းအား မိုးရာသီ
ကာလဖြစ်သော ဇွန် ၁ ရက် မှစက်တင်ဘာလကုန် အထိ ယာဉ်နှင့် ကုန် ၁၆ တန် အထက် ယာဉ်များဖြတ်
သန်းသွားလာခွင့်မပြုကြောင်း ကြိုတင်အသိပေးခြင်း မရှိဘဲဇွန်၂ ရက်ညနေ ၅ နာရီခန့်၌ ကြေညာဆိုင်းဘုတ်
ထာင်၍ တားမြစ်ခဲ့သည့်အတွက် ယင်း ToLLGate တွင် ဇွန် ၂ ရက် ညနေမှ စပြီး ကုန်တင်ယာဉ်များ ရပ်တန်
့ခဲ့ကာ ဇွန် ၄ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းရရှိသဖြင့် နားလည်မှုသဘောဖြင့်တစ်ခေါက်သာ ခွင့်ပြုခဲ့
ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

ထိုသို့ တားမြစ်ခံရစဉ်အချိန် ၄၃ နာရီအတွင်း Green Land ဆီဆိုင်မှဆီဘောက်ဆာ (၂၁)တန်ခန့် ရှိကား များ
 ဖြတ်သန်းသွားလာခဲ့၍ တားမြစ်ခံရသောယာဉ်များမှ ဆောက်လုပ်ရေးဌာနအား တရားစွဲဆိုရန် တိုင်ကြား
အသိပေးခဲ့သော်လည်း နောက်ထပ်မဖြစ်ရန် ကြပ်မတ်ပေးမည်သာ အဖြေရခဲ့ကြောင်း၊လမ်းပိုင်း ပိတ်ပင်မှု
အတွက် လောလောဆယ် နားလည်မှုဖြင့်တစ်ခေါက်သွားခွင့်ရခဲ့သော်လည်း ဆက်လက် တင်ပြ တောင်းဆို
သွားမည်ဖြစ်ကြောင်းယာဉ်ပိုင်ရှင်များထံက သိရသည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် လက်ရှိအသုံးပြုသွားလာလျှက်ရှိသော (၈)ဘီး
၊ (၁ဝ)ဘီး နှင့် (၁၂) ဘီး ကုန်တင်ယာဉ်(၄၄)စီးခန့် ရှိပြီး မှီခိုသူ ဦးရေ (၂ဝဝ)ကျော် ရှိကြောင်းမြို့နယ်ကုန်
ကားကြီးများ အသင်း ထံက သိရသည်။

Hinthata HumanRights , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

0 comments:

Post a Comment