Pages

Thursday, June 6, 2013

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု
ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင်စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ပညာရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး
ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေးပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်
ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသောကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင်ထုတ်ပြန်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး နတ်မောက် ဒုတိယမြို့နယ်ညွှန်
ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံကြားပါတယ်။

ဇွန် ၂ ရက်နေ့မှာပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာအောင်စာရင်းသွားယူပြီး ကိုယ်ရုံးမှာမထား
ဘဲ ရဲစခန်း ဒါမှမဟုတ် လုံခြုံတဲ့နေရာမှာ ထားရမှာပါ။အခုထိတော့ထုတ်ပြန်ထားတာ အတိအကျမ
ရှိသေးပါဘူး''ဟုပြောကြားခဲ့သည်။

အောင်စာရင်းထွက်ရှိမည့်ရက်ကိုတရာဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဇွန်လ ၉ရက်နေ့
တွင် ထွက်ရှိလာနိုင်ကြောင်း၊ အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုးဦးအုန်း
သွင် က ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်းတွင်မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိခဲ့ရာ မွန်ပြည်
နယ်သည် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှသတင်းရရှိသည်။

မြ၀တီ , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

0 comments:

Post a Comment