Pages

Thursday, June 6, 2013

လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြပွဲတချို့ ပြေလည်မှုရရှိ

Photo: လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြပွဲတချို့ ပြေလည်မှုရရှိ
Thursday, June 06, 2013

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ရဲ့ ကူညီပေးမှုနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ Esquire ဖိနပ်စက်ရုံနဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုနေတာတွေ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။

အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ဟာ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွေကို ကွင်းဆင်းလေ့လာရင်းနဲ့ ပြေလည်အောင်ညှိနှိုင်းပေးခဲ့တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြတ်ဥာဏစိုးက RFA ကို ပြောပါတယ်။

“ဆရာတို့လေ့လာသွားရင်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ စက်ရုံ ၂ ခုစလုံး အောင်မြင်မှုရခဲ့ပါတယ်၊ အက်စကွဲက မနက်ဖြန် ၆ ရက်နေ့မှာ အကုန်လုံးအလုပ်ပြန်ဝင်မယ်လို့ပြောတယ်၊ သူတို့က ပထမထုတ်ထားတဲ့ ၅ ယောက်ကို ပြန်ခဲ့ပြီးပြီ၊ အဲဒီ့ ၅ ယောက်အတွက်ထပ်ပြီးတော့ ၁၄ဝ ကျော် ဆန္ဒပြနေတာရှိတယ်လေ၊ စံကောင်းစက်ရုံမှာလဲ ဒီလိုပါပဲ၊ အလုပ်ထုတ်ပယ်ခြင်းခံရတဲ့ အလုပ်သမား ၄၇ ဦးကို အခုပြန်ခန့်အပ်ဖို့ စက်ရုံဒါရိုက်တာအဖွဲ့က သဘောတူပြီးဖြစ်ပါတယ်၊ နောက်အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၄၇ ချက်မှာ အချက် ၃ဝ ကို ပထမအဆင့်အနေနဲ့ လိုက်လျောဖို့ကို ဆရာတို့ဒီကော်မရှင်က တခါတည်းညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှုရခဲ့ပါတယ်”

အဲဒီကော်မရှင်အနေနဲ့ လှိုင်သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ကွင်းဆင်းလေ့လာသွားမှာဖြစ်ပြီး အဲဒီကလေ့လာတွေ့ရှိချက်တွေကို လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ အပိုင်းခွဲပြီး တင်ပြသွားမယ်လို့လည်း ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

အက်စကွဲဖိနပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးကို အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ အလုပ်သမား ၁ဝဝ ကျော်က ပြီးခဲ့တဲ့လကစပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စံကောင်း ပီနံအိတ်စက်ရုံကလည်း အလုပ်သမား ၄ဝ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ရက်ရှည်ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

RFA Burmese

Thursday, June 06, 2013

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်း
ကော်မရှင်ရဲ့ ကူညီပေးမှုနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ Esquire ဖိနပ်စက်ရုံနဲ့ စံကောင်း ပီနံ
အိတ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုနေတာတွေ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ဟာ ရန်ကုန်တိုင်း လှိုင်သာယာ စက်
မှုဇုန်တွေကိုကွင်းဆင်းလေ့လာရင်းနဲ့ ပြေလည်အောင်ညှိနှိုင်းပေးခဲ့တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်
တာ မြတ်ဥာဏစိုးက RFA ကို ပြောပါတယ်။

“ဆရာတို့လေ့လာသွားရင်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ စက်ရုံ ၂ ခုစလုံး အောင်မြင်မှုရခဲ့ပါတယ်၊ အက်
စကွဲက မနက်ဖြန် ၆ ရက်နေ့မှာ အကုန်လုံးအလုပ်ပြန်ဝင်မယ်လို့ပြောတယ်၊ သူတို့က ပထမထုတ်ထားတဲ့ ၅
ယောက်ကို ပြန်ခဲ့ပြီးပြီ၊အဲဒီ့၅ ယောက်အတွက်ထပ်ပြီးတော့၁၄ဝ ကျော်ဆန္ဒပြနေတာရှိတယ်လေ၊ စံကောင်း
စက်ရုံမှာလဲ ဒီလိုပါပဲ၊အလုပ်ထုတ်ပယ်ခြင်းခံရတဲ့အလုပ်သမား၄၇ ဦးကိုအခုပြန်ခန့်အပ်ဖို့ စက်ရုံဒါရိုက်တာ
အဖွဲ့က သဘောတူပြီးဖြစ်ပါတယ်၊ နောက်အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၄၇ ချက်
မှာ အချက် ၃ဝ ကို ပထမအဆင့်အနေနဲ့ လိုက်လျောဖို့ကို ဆရာတို့ဒီကော်မရှင်က တခါတည်းညှိနှိုင်းတဲ့အ
ခါမှာ သဘောတူညီမှုရခဲ့ပါတယ်”

အဲဒီကော်မရှင်အနေနဲ့လှိုင်သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ကွင်းဆင်း
လေ့လာသွားမှာဖြစ်ပြီး အဲဒီကလေ့လာတွေ့ရှိချက်တွေကို လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာကျင်းပမယ့် လွှတ်
တော်အစည်းအဝေးမှာ အပိုင်းခွဲပြီး တင်ပြသွားမယ်လို့လည်း ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

အက်စကွဲဖိနပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးကို အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ အလုပ်သမား ၁ဝဝ ကျော်က ပြီးခဲ့တဲ့လကစပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စံကောင်း ပီနံအိတ်စက်ရုံကလည်း အလုပ်သ
မား ၄ဝ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ရက်ရှည်ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

RFA Burmese , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

0 comments:

Post a Comment