Pages

Thursday, June 6, 2013

ဟာဝိုင်အီတွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်

Thursday 6th June 2013

ဇွန်လ ၄ ၇က်နေ့ မွန်းလွဲပိုင်းတွင် ဟာဝိုင်အီ ကျွန်းဆွယ်ရှိ Pahala ၏ အရှေ့တောင်ပိုင်း ၅၅ ကီလိုမီတာခန့်ကို ဗဟိုပြုပြီးဟာဝိုင်အီကျွန်း အရှေ့တောင်ဘက်တွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး သမားမှ ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ငလျင်သည် ဗဟိုမှ အနက် ၄၀ ကီလိုမီတာခန့်အထိ လှုပ်ခတ်သွားကြောင်း ၊ သို့သော် ဆူနာမီ ရေလှိုင်း အဖြစ်သို့ မရောက်နိုင်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ ခန့်မှန်း ပြောကြာားခဲ့သည်။ Hawaii County Civil Defense အဖွဲ့ ဒါရိုက်တာ Darryl Oliveira မှ အပျက်အဆီး စာရင်းကို ပြုစုနေသော်လည်း ချက်ခြင်းသိရဦးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 
အစောပိုင်းတွင် အမေရိကန် ဘူမိဗေဒ လေ့လာရေးသမားမှ Maui နှင့် Oahu ကမ်းခြေတို့တွင် ငလျင်ဒဏ်ကို အနည်းငယ်သာ ခံစားရလိမ့်မည်ဟု ခန့်မှန်း ပြောကြားခဲ့သော်လည်း ငလျင်လှုပ်စဉ်တွင် Oahu ရှိ အချို့နေရာများတွင် အားပြင်းစွာ လှုပ်ခတ်သွားကြောင်း Oahu ကမ်းခြေ အရေးပေါ် စီမံရေး ဌာနမှ ပြောကြားခဲ့သည်။
မြ၀တီ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၆.၆.၂၀၁၃

0 comments:

Post a Comment