Pages

Thursday, June 6, 2013

မန္တလေးတွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူ

Photo: မန္တလေးတွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူ
Thursday, June 06, 2013

မန္တလေးမြို့တွင် မော်တော်ယာဉ် အများစုမှာ စည်းကမ်းမဲ့စွာ ရပ်နားထားမှုကြောင့် ယာဉ်ကြောရှုပ်ထွေးလာပြီး၊ စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကိုလည်း သက်ဆိုင်ရာမှ ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုမှာ ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြား လာသည့်အတွက် မန္တလေးမြို့ နေရာအတော် များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက် ရှိသည်။

"မန္တလေးမြို့မှာ မော်တော်ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားထားမှု နေရာတွေကတော့ ဈေးချိုနား အနီးတစ်ဝိုက်၊ ဆိုင်ခန်းတွေရှိတဲ့ နေရာတွေမှာ ကားတွေက လမ်းဘေးမှာ ကုန်တင်ကုန်ချ လုပ်နေတာတွေ၊ စားသောက်ဆိုင်တွေ၊ ပွဲလမ်းသဘင် အခမ်းအနား လုပ်တဲ့ရှေ့တွေမှာဆိုရင် ကားရပ်နားထားဖို့ ပါကင်တွေ မရှိတော့ လမ်းတွေမှာ နှစ်ထပ်၊ သုံးထပ်တွေရပ်ပြီး စည်ကမ်းမဲ့စွာ ရပ်နားနေကြတာ" ဟု တက္ကစီမောင်းသူ တစ်ဦးက ဆိုသည်။

မြို့တွင်းစည်းကမ်းမဲ့ ယာဉ်ဖမ်းဆီးမှုမှာ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ၁၁၅ စီး၊ မေ ၁ ရက်မှ ၃၀ ရက်အထိ ၂၂၀ ရှိကြောင်း အခွန်ဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးမြို့တွင် လူစီးယာဉ် ၄၂၂၅၅ စီး၊ ကုန်တင်ယာဉ် ၀န်ပေါ့ ၃၈၀၀ စီး၊ ကုန်တင်ယာဉ် ၀န်လေး ၆၉၃၀ စီး၊ ခရီးသယ်တင်ယာဉ် ၁၄၆၆ စီး၊ အခြားယာဉ် ၅၉၉ စီး၊ ထော်လာဂျီ ၆၁၉၃ စီး၊ စက်ယန္တရား ၃၂ စီးရှိကြောင်း သိရသည်။

EMG

Thursday, June 06, 2013

မန္တလေးမြို့တွင် မော်တော်ယာဉ် အများစုမှာ စည်းကမ်းမဲ့စွာ ရပ်နားထားမှုကြောင့် ယာဉ်ကြောရှုပ်ထွေးလာ
ပြီး၊ စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကိုလည်း သက်ဆိုင်ရာမှ ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေး
ယူလျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုမှာ ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြား လာသည့်အတွက် မန္တလေး
မြို့ နေရာအတော် များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့
စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလို
လားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက် ရှိသည်။

"မန္တလေးမြို့မှာ မော်တော်ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားထားမှု နေရာတွေကတော့ ဈေးချိုနား အနီးတစ်
ဝိုက်၊ဆိုင်ခန်းတွေရှိတဲ့ နေရာတွေမှာကားတွေကလမ်းဘေးမှာကုန်တင်ကုန်ချလုပ်နေတာတွေ၊ စားသောက်
ဆိုင်တွေ၊ပွဲလမ်းသဘင်အခမ်းအနား လုပ်တဲ့ရှေ့တွေမှာဆိုရင် ကားရပ်နားထားဖို့ ပါကင်တွေ မရှိတော့ လမ်း
တွေမှာ နှစ်ထပ်၊ သုံးထပ်တွေရပ်ပြီး စည်ကမ်းမဲ့စွာ ရပ်နားနေကြတာ" ဟု တက္ကစီမောင်းသူ တစ်ဦးက ဆို
သည်။

မြို့တွင်းစည်းကမ်းမဲ့ ယာဉ်ဖမ်းဆီးမှုမှာ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ၁၁၅ စီး၊ မေ ၁ ရက်မှ ၃၀ ရက်အထိ ၂၂၀ ရှိကြောင်း အခွန်ဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးမြို့တွင် လူစီးယာဉ် ၄၂၂၅၅ စီး၊ ကုန်တင်ယာဉ် ၀န်ပေါ့ ၃၈၀၀ စီး၊ ကုန်တင်ယာဉ် ၀န်လေး ၆၉၃၀ စီး၊ ခရီးသယ်တင်ယာဉ် ၁၄၆၆ စီး၊ အခြား
ယာဉ် ၅၉၉ စီး၊ ထော်လာဂျီ ၆၁၉၃ စီး၊ စက်ယန္တရား ၃၂ စီးရှိကြောင်း သိရသည်။

EMG , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

0 comments:

Post a Comment