Pages

Thursday, June 6, 2013

ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ သက်ဝင်လှုပ်ရှား

ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ သက်ဝင်လှုပ်ရှား

ဇွန်လ ၅ ရက် ၊ ၂၀၁၃ ခုနှစ်။

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဟိုတယ် နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးများ သည် ဒေသတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် စမာ့တ်ဗီဇာစနစ်အတွက် ပူးတွဲဆောင်ရွက်ရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေငြာပါသည်။

ထိုသဘောတူညီချက်အား ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ ကျင်းပ စဉ်အတွင်း သဘောတူညီချက် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဇွန်လ ၅ရက်မှ ၇ရက်အတွင်းကျင်းပမည့် ၂၂-ကြိမ်မြောက်  ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃တက်ရောက်မည့်  ပြည်တွင်းပြည်ပမှ ဧည့်သည်တော် များနှင့် သတင်းဌာနမှ ပုဂ္ဂိုလ်များ စတင်မှတ်ပုံတင်နေကြပြီဖြစ်သည်။ 

အဆိုပါ ဖိုရမ်သို့ မြန်မာ၊ လာအို၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံ တို့မှ နိုင်ငံ့ အကြီးအကဲများ နိုင်ငံကြီး ၁၅-နိုင်ငံမှ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ပေါင်း ၁၀၀-ခန့်နှင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၉၀၀-ကျော် ပါဝင်တက်ရောက်နေကြပါသည်။ 

နိုင်ငံတကာကုမ္ပဏီကြီးပေါင်း ၆၀-ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅၅၀-ကျော်၊ ကမ္ဘာ့ လူရွယ် ခေါင်းဆောင်ပေါင်း ၃၀၀-ကျော် တို့သည် လူမှုရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာ များ နှင့်အတူ အရှေ့အာရှ ဒေသ အပါအ၀င်မြန်မာ နိုင်ငံအတွင်း ရင်ဆိုင်နေ ရသော အခက်အခဲများဖြေရှင်းရန် နှင့် စီးပွားရေးအခွင့် အလမ်း များဖော်ထုတ်ရန် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါသည်။

ဇွန်လ ၆-ရက် ကြာသပတေးနေ့ နေ့လည် ၁:၄၅ နာရီတွင် ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြား၍  ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပါသည်။

ထိုနေ့ နံနက် ၁၁:၀၀ နာရီတွင် စတင်ကျင်းပမည့်  “မြန်မာနိုင်ငံအနာ ဂတ်” ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုသိန်း နှင့် ရိန်းဖောလ် မြန်မာ အဖွဲ့ တွဲဖက်တည်ထောင်သူ ဒေါ်ဇင်မာအောင်တို့ ပါဝင်ဆွေးနွေး မည့် ဆွေးနွေးပွဲကိုလည်း ဖိုရမ်တက်ရောက် လာသူများ စိတ်ဝင်စား လျက်ရှိကြသည်။

ယင်းအစီအစဉ်အား ဖိုရမ်အဖွဲ့ နှင့် ဘီဘီစီအသံလွှင့်ဌာနတို့ ပူးပေါင်းစီ စဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ညွန့်အောင် (မြစ်မခ) /မြန်မာခရိုနီကယ်

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဟိုတယ် နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီး
များ သည် ဒေသတွင်းလွတ်လပ်စွာခရီးသွားလာခွင့် စမာ့တ်ဗီဇာစနစ်အတွက် ပူးတွဲဆောင်ရွက်ရန် သဘော
တူ ညီမှု ရရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေငြာပါသည်။
ထိုသဘောတူညီချက်အား ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ ကျင်းပ စဉ်အတွင်း သဘောတူညီ
ချက် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဇွန်လ ၅ရက်မှ ၇ရက်အတွင်းကျင်းပ

မည့် ၂၂-ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃တက်ရောက်မည့် ပြည်တွင်းပြည်ပမှ ဧည့်
သည်တော် များနှင့် သတင်းဌာနမှ ပုဂ္ဂိုလ်များ စတင်မှတ်ပုံတင်နေကြပြီဖြစ်သည်။

အဆိုပါ ဖိုရမ်သို့ မြန်မာ၊ လာအို၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံ့ အကြီးအကဲများ နိုင်ငံကြီး ၁၅-နိုင်

ငံမှ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ပေါင်း ၁၀၀-ခန့်နှင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၉၀၀
-ကျော် ပါဝင်တက်ရောက်နေကြပါသည်။

နိုင်ငံတကာကုမ္ပဏီကြီးပေါင်း ၆၀-ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅၅၀-ကျော်၊ ကမ္ဘာ့ လူရွယ် ခေါင်းဆောင်ပေါင်း ၃၀၀-ကျော် တို့သည် လူမှုရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာ များ နှင့်အတူ အရှေ့အာရှ ဒေသ အပါအ၀င်မြန်မာ နိုင်ငံအတွင်း ရင်ဆိုင်နေ ရသော အခက်အခဲများဖြေ

ရှင်းရန် နှင့် စီးပွားရေးအခွင့် အလမ်း များဖော်ထုတ်ရန် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါသည်။

ဇွန်လ ၆-ရက် ကြာသပတေးနေ့ နေ့လည် ၁:၄၅ နာရီတွင် ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြား၍ ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပါသည်

ထိုနေ့ နံနက်၁၁:၀၀ နာရီတွင်စတင်ကျင်းပမည့် “မြန်မာနိုင်ငံအနာဂတ်” ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေ

စီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုသိန်း နှင့် ရိန်းဖောလ် မြန်
မာ အဖွဲ့ တွဲဖက်တည်ထောင်သူ ဒေါ်ဇင်မာအောင်တို့ ပါဝင်ဆွေးနွေး မည့် ဆွေးနွေးပွဲကိုလည်း ဖိုရမ်တက်
ရောက် လာသူများ စိတ်ဝင်စား လျက်ရှိကြသည်။

ယင်းအစီအစဉ်အား ဖိုရမ်အဖွဲ့ နှင့် ဘီဘီစီအသံလွှင့်ဌာနတို့ ပူးပေါင်းစီ စဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ညွန့်အောင် (မြစ်မခ)RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၆.၆.၂၀၁၃

0 comments:

Post a Comment