Pages

Thursday, June 6, 2013

မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ

Photo: မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ
Thursday, June 06, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခိုသယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

မူဆယ်-ရွှေလီ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ကာ တရားဝင် ကုန်သွယ်မှုဖြင့် နိုင်ငံတော် အခွန်ဝင်ငွေ ရရှိစေရန် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတများဖြစ်သည့် ကျောက်စိမ်းနှင့် သစ်များသည် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ယာဉ် အစီးပေါင်းများစွာ မှောင်ခိုထွက်ရှိနေကြောင်း ဦးနန္ဒက ပြောကြားခဲ့သည်။

"ကျောက်စိမ်းကို မြန်မာပြည်ကနေ တရုတ်ကို မှောင်ခိုသယ်ကြတယ်။ ကုန်တင်ယာဉ်တွေမှာ အံဝှက်တွေလုပ်ပြီး လျှို့ဝှက်သယ်တယ်။ ကျွန်တော်တို့က မသင်္ကာတော့ တားဆီးစစ်ဆေးတယ်။ မိတော့ ထွက်ပြေးတယ်။ လိုက်လို့ ချောင်ပိတ်မိရင် လူကကားပေါ်ကဆင်းပြီး ထွက်ပြေးတယ်။ မကြာခင်က ဖမ်းမိတဲ့ ကားတစ်စီးဆိုရင် ကားတစ်စီးတည်းနဲ့ ကျောက်စိမ်း သိန်းနှစ်ထောင်ဖိုးလောက် ခိုးသယ်လာတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။
ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း . . . . .

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ ပစ္စည်းများကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိသကဲ့သို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း အခွန်မပေးဆောင် ချင်သောကြောင့် အခွန်တိမ်းရှောင်မှုများလည်း ရှိကြောင်း သိရသည်။

"အစိုးရသစ် လက်ထက်မှာ ကုန်စည်စီးဆင်းမှု လျင်မြန်ရေးကို ဦးစားပေးတယ်။ မလိုအပ်တဲ့ စစ်ဆေးမှုတွေကြောင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေနိုင်တယ်ဆိုပြီး ရေပူကုန်စစ်ဆေးရေး စခန်းကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွန်တွေ ဖြေလျှော့ပေးတယ်။ တကယ်တော့ ကျွန်တော်တို့က တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်ကို ရောက်စေချင်လို့ ဒီလိုဆောင်ရွက်ကြတာပါ။ တစ်ကယ်တော့ လူတွေက ဒီလိုမသွားဘူး။ စစ်ဆေးတာတွေ ဖြေလျှော့ပေးတဲ့နောက် အခွန်မဆောင်ဘဲ သွားကြတယ်။ အဲဒီနောက် ကုန်သွယ်မှုက ထိုးကျသွားတယ်။ ဒီလို ကုန်သွယ်မှု ထိုးကျရတဲ့ အကြောင်းရင်းက စစ်ဆေးမှုတွေ၊ အတားအဆီးတွေ မရှိတဲ့အတွက် ရှောင်ကွင်းသွားလာကြပြီး မှောင်ခိုကုန်သွယ် ကြတာတွေကြောင့် ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

EMG

Thursday, June 06, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခို
သယ်ဆောင်မှုများပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅
မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦး
နန္ဒက ပြောကြားခဲ့သည်။ မူဆယ်-ရွှေလီ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ကာ တရားဝင် ကုန်သွယ်
မှုဖြင့် နိုင်ငံတော် အခွန်ဝင်ငွေ ရရှိစေရန် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ
များဖြစ်သည့် ကျောက်စိမ်းနှင့် သစ်များသည် တရုတ်နိုင်ငံသို့ နေ့စဉ်ကုန်တင်ယာဉ်အစီးပေါင်းများစွာ မှောင်
ခိုထွက်ရှိနေကြောင်း ဦးနန္ဒက ပြောကြားခဲ့သည်။

"ကျောက်စိမ်းကို မြန်မာပြည်ကနေ တရုတ်ကို မှောင်ခိုသယ်ကြတယ်။ ကုန်တင်ယာဉ်တွေမှာအံဝှက်တွေ
လုပ်ပြီး လျှို့ဝှက်သယ်တယ်။ ကျွန်တော်တို့က မသင်္ကာတော့ တားဆီးစစ်ဆေးတယ်။ မိတော့ ထွက်ပြေးတ
ယ်။ လိုက်လို့ ချောင်ပိတ်မိရင် လူကကားပေါ်ကဆင်းပြီး ထွက်ပြေးတယ်။ မကြာခင်က ဖမ်းမိတဲ့ ကားတစ်စီး
ဆိုရင် ကားတစ်စီးတည်းနဲ့ ကျောက်စိမ်း သိန်းနှစ်ထောင်ဖိုးလောက် ခိုးသယ်လာတယ်" ဟု စီးပွားရေးနှင့် ကူး
သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး
သူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်
အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်
ခဲ့ကြောင်း . . . . .

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ ပစ္စည်းများကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိသကဲ့သို့ တရုတ်
နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်းအခွန်မပေးဆောင်ချင်သောကြောင့် အခွန်တိမ်းရှောင်မှုများ
လည်း ရှိကြောင်း သိရသည်။

"အစိုးရသစ် လက်ထက်မှာ ကုန်စည်စီးဆင်းမှု လျင်မြန်ရေးကို ဦးစားပေးတယ်။ မလိုအပ်တဲ့ စစ်ဆေးမှုတွေ
ကြောင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေနိုင်တယ်ဆိုပြီး ရေပူကုန်စစ်ဆေးရေး စခန်းကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွန်တွေ ဖြေလျှော့ပေးတယ်။တကယ်တော့ကျွန်တော်တို့ကတရားဝင် ကုန်သွယ်မှု လမ်းကြောင်း
ပေါ်ကို ရောက်စေချင်လို့ ဒီလိုဆောင်ရွက်ကြတာပါ။ တစ်ကယ်တော့ လူတွေက ဒီလိုမသွားဘူး။ 
 
စစ်ဆေးတာတွေ ဖြေလျှော့ပေးတဲ့နောက် အခွန်မဆောင်ဘဲ သွားကြတယ်။ အဲဒီနောက် ကုန်သွယ်မှုက ထိုး
ကျသွားတယ်။ ဒီလို ကုန်သွယ်မှု ထိုးကျရတဲ့ အကြောင်းရင်းက စစ်ဆေးမှုတွေ၊ အတားအဆီးတွေ မရှိတဲ့အ
တွက် ရှောင်ကွင်းသွားလာကြပြီး မှောင်ခိုကုန်သွယ် ကြတာတွေကြောင့် ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

EMG , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

0 comments:

Post a Comment