Pages

Thursday, June 6, 2013

Semi Restore ဆိုတာဘာလဲ


ဒီရက်ပိုင်း iDevice Users တွေကြားမှာ Semi Restore ဆိုတဲ့ဝေါဟာရတစ်ခုပျံ့နှံလို့လာပါပြီ ။ ဒီအတွက် Semi Restoreဆိုတာဘာလဲဆိုတာကိုမသိသေးတဲ့သူMobile Users တွေအတွက်Semi Restore အကြောင်းကိုရှင်းပြ
ပေးလိုက်ပါတယ်။

Semi Restoreဆိုတာ သင့်ရဲ့iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေ
သို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့
အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။

Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေ
ကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်
အောင် ထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွား
ရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။ Root လုပ်ထားတဲ့ Android OS ဖုန်းတွေကို Factory Reset ချလိုက်လို့ Firmware အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Root (Super User) ကမပျောက်
သွားတဲ့သဘောအတိုင်းပါပဲ။

ဒီလို Semi Restore လို့ခေါ်တဲ့ Tool ပေါ်လာတာဟာ iDevices မှာ Cydia Tweaks တွေကလိလွန်းလို့ Devices က error (eg- Safe Mode) များနေတဲ့သူတွေ ၊ Firmware အသစ်တင်ချင်ပေမယ့် Jailbreak ပျောက်သွားမှာစိုး
လို့ ဒီအတိုင်းလေး ပေတေပြီးသုံးနေရတဲ့ iOS users တွေအတွက် သတင်းကောင်းတစ်ရပ်ပါပဲ။

firmware အသစ်တင်စရာမလိုဘဲ လက်ရှိ firmware ကို newly state (Unactivated Firmware State)သို့ရောက်
အောင် ပြန်လည် restore လုပ်ပေးသွားမှာဖြစ်ပါတယ်။ Semi Restoreကို iOS 5.0 ကနေ iOS 6.1.2 firmware
တင်ထားတဲ့ iDevices တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Semi Restore Tool ဟာ မကြာတော့မယ့် ရက်ပိုင်းအတွင်းမှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ
တို့ရဲ့ Jailbroken iDevice firmware ကိုအသစ်အတိုင်းပြန်ဖြစ်ချင်တဲ့ iOS users တွေအားလုံး Semi Restore ထွက်ရှိလာမယ့်နေ့ကိုရင်ခုန်စွာနဲ့စောင့်မျှော်လိုက်ကြဖို့ပြောကြားရင်း……

Thet Naing Soe (Myanmar Mobile App Store)
RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၆.၆.၂၀၁၃

 

0 comments:

Post a Comment