Pages

Friday, October 18, 2013

ဗန်ပါစီကို ရောင်းချခဲ့သည့်နောက် အသင်းတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ဟု ဝင်းဂါးဝန်ခံ

Photo: ဗန်ပါစီကို ရောင်းချခဲ့သည့်နောက် အသင်းတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ဟု ဝင်းဂါးဝန်ခံ
Friday, October 18, 2013

ရော်ဘင်ဗန်ပါစီကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းထုတ်လိုက်ခြင်းက အသင်းအတွက် မတည်မငြိမ် ဖြစ်စေခဲ့ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားလိုက်သည်။

ယခုရာသီတွင် အထင်ကြီးလောက်ဖွယ် စွမ်းဆောင်မှုကောင်းများ ရရှိနေသည့် လန်ဒန်ကလပ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစပိုင်းကမူ ရလဒ်ပိုင်း ဆိုးရွားစွာ ရုန်းကန်ခဲ့ရသည်။ ဝင်းဂါးက ယင်းအခြေအနေသည် အသင်း၏ အဓိက တိုက်စစ်မှူး ဗန်ပါစီကို ခါးသီးလှသည့် ပြိုင်ဘက်ကြီး ယူနိုက်တက်ထံ စတာလင်ပေါင် (၂၄)သန်းဖြင့် ရောင်းထုတ်ခဲ့မှုနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ဖွင့်ဟခဲ့သည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုခဲ့ပြီး ယူနိုက်တက်သို့ ကူးပြောင်းသွားခဲ့သည်။

ဝင်းဂါးက "ဗန်ပါစီကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ခြင်းက အသင်းမှာ မတည်ငြိမ်မှုတွေ၊ ပြဿနာတွေ အများကြီး ဖြစ်လာစေတယ်။ အစောပိုင်းမှာ တောက်လျှောက် ရုန်းကန်ခဲ့ရပေမယ့် နိုဝင်ဘာလကနေ မေလအတွင်းမှာတော့ အာဆင်နယ်ဟာ အကောင်းဆုံး စိတ်ဓာတ်ခွန်အားကို ပြန်ပြီး ပြသနိုင်ခဲ့ပါတယ်"ဟု ဆိုသည်။ "မတ်လကနေ ဒီနေ့ထိ ကျွန်တော်တို့ တစ်ပွဲပဲ ရှုံးသေးတယ်။ ဒီစွမ်းဆောင်မှု အခြေအနေမျိုးက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပေါ်စေပါတယ်"ဟုလည်း ဝင်းဂါးက ပြောကြားခဲ့သည်။

၎င်းက ယခုရာသီ အာဆင်နယ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းထားကြောင်းလည်း ဆိုသည်။ "ကျွန်တော်တို့ လိဂ်ချန်ပီယံ ဖြစ်လာဖို့ ကြီးမားတဲ့ မျှော်လင့်ချက်မျိုး ထားရှိထားပါတယ်။ အရင်က အာဆင်နယ်ဟာ ဘဏ္ဍာရေးအရ ကန့်သတ်မှုတွေ ရှိနေသလို လုပ်ဆောင်ရတဲ့ အခြေအနေတွေမှာ အကျပ်ရိုက်တဲ့ အနေအထားတွေ ကြုံခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အာဆင်နယ်ဟာ ကိုယ့်မူဝါဒကိုယ် ကာကွယ်ဖို့ လိုပါတယ်။ အသင်းက ကစားသမားတွေကို ပျိုးထောင်ပေးဖို့၊ လူငယ်အားပြု မူဝါဒကို ဆက်ကျင့်သုံးဖို့ ဆိုတာက အာဆင်နယ်ရဲ့ အနှစ်သာရပါ။ အာဆင်နယ်ရဲ့ အနာဂတ်ဟာ ကျွန်တော်တို့ရဲ့ အတွင်းပိုင်း လုပ်ဆောင်မှုတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ လူငယ်သွေးသစ်တွေ ရှာဖွေစုဆောင်းဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် ကူညီဖို့ ဆိုတာမျိုးပေါ့။ ဒီအတွက် အာဆင်နယ်ဟာ ကိုယ့်ရပ်တည်ချက်ကိုယ် လေးစားရပါမယ်။ ကျွန်တော်တို့ဟာ စိတ်ကူးယဉ် လမ်းကြောင်းနဲ့ သွားနေတာ မဟုတ်ဘူးလေ"ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

RangonNewsDaily:: October. 18 .2013
ရော်ဘင်ဗန်ပါစီကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းထုတ်လိုက်ခြင်းက အသင်းအတွက် မတည်မငြိမ်
 ဖြစ်စေခဲ့ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားလိုက်သည်။ ယခုရာသီတွင်အထင်ကြီးလောက်ဖွယ်စွမ်းဆောင်မှုကောင်းများရရှိနေသည့်လန်ဒန်ကလပ်သည် ပြီးခဲ့သည့်
ဘောလုံးရာသီ အစပိုင်းကမူ ရလဒ်ပိုင်း ဆိုးရွားစွာ ရုန်းကန်ခဲ့ရသည်။ ဝင်းဂါးက ယင်းအခြေအနေသည် အ
သင်း၏ အဓိက တိုက်စစ်မှူး ဗန်ပါစီကို ခါးသီးလှသည့် ပြိုင်ဘက်ကြီး ယူနိုက်တက်ထံ စတာလင်ပေါင် (၂၄)
သန်းဖြင့် ရောင်းထုတ်ခဲ့မှုနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း ဖွင့်ဟခဲ့သည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုခဲ့ပြီး ယူနိုက်တက်သို့ ကူးပြောင်းသွားခဲ့သည်။

ဝင်းဂါးက "ဗန်ပါစီကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ခြင်းကအသင်းမှာမတည်ငြိမ်မှုတွေ၊ ပြဿနာတွေအများကြီး ဖြစ်
လာစေတယ်။အစောပိုင်းမှာ တောက်လျှောက်ရုန်းကန်ခဲ့ရပေမယ့် နိုဝင်ဘာလကနေ မေလအတွင်းမှာတော့
 အာဆင်နယ်ဟာ အကောင်းဆုံး စိတ်ဓာတ်ခွန်အားကို ပြန်ပြီး ပြသနိုင်ခဲ့ပါတယ်"ဟု ဆိုသည်။
 
 "မတ်လကနေ ဒီနေ့ထိ ကျွန်တော်တို့ တစ်ပွဲပဲ ရှုံးသေးတယ်။ ဒီစွမ်းဆောင်မှု အခြေအနေမျိုးကကျွန်တော်တို့
အတွက် ကြီးမားတဲ့ စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပေါ်စေပါတယ်"ဟုလည်း ဝင်းဂါးက ပြောကြားခဲ့သည်။

၎င်းက ယခုရာသီအာဆင်နယ်အသင်းအနေဖြင့်ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းထားကြောင်းလည်း
 ဆိုသည်။ "ကျွန်တော်တို့ လိဂ်ချန်ပီယံ ဖြစ်လာဖို့ ကြီးမားတဲ့ မျှော်လင့်ချက်မျိုး ထားရှိထားပါတယ်။ အရင်က အာဆင်နယ်ဟာ ဘဏ္ဍာရေးအရ ကန့်သတ်မှုတွေ ရှိနေသလို လုပ်ဆောင်ရတဲ့ အခြေအနေတွေမှာ အကျပ်
ရိုက်တဲ့ အနေအထားတွေ ကြုံခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ 
 
ဒါပေမဲ့ အာဆင်နယ်ဟာ ကိုယ့်မူဝါဒကိုယ် ကာကွယ်ဖို့လိုပါတယ်။ အသင်းက ကစားသမားတွေကို ပျိုးထောင်
ပေးဖို့၊ လူငယ်အားပြု မူဝါဒကို ဆက်ကျင့်သုံးဖို့ ဆိုတာက အာဆင်နယ်ရဲ့ အနှစ်သာရပါ။ အာဆင်နယ်ရဲ့ အ
နာဂတ်ဟာ ကျွန်တော်တို့ရဲ့ အတွင်းပိုင်း လုပ်ဆောင်မှုတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ 
 
လူငယ်သွေးသစ်တွေရှာဖွေစုဆောင်းဖို့၊တိုးတက်ဖွံ့ဖြိုးအောင် ကူညီဖို့ ဆိုတာမျိုးပေါ့။ ဒီအတွက် အာဆင်နယ်
ဟာ ကိုယ့်ရပ်တည်ချက်ကိုယ် လေးစားရပါမယ်။ ကျွန်တော်တို့ဟာ စိတ်ကူးယဉ် လမ်းကြောင်းနဲ့ သွားနေ
တာ မဟုတ်ဘူးလေ"ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုသွားသည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment