Pages

Friday, October 18, 2013

PEN Myanmar ဖွဲ့စည်းရေး ညီလာခံကျင်းပမည်

RangonNewsDaily:: October. 18 .2013
မြန်မာနိုင်ငံတွင် စာပေရေးသားသူများပါဝင်သည့် PEN Myanmar ဖွဲ့စည်းနိုင်ရေးအတွက် ညီလာခံတစ်ရပ်

ကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ ၌ ကျင်းပမည်ဖြစ်သည်။ ထိုသို့ ကျင်းပနိုင်ရန်အတွက် PEN Myanmar ဖွဲ့စည်းရေးဆောင်ရွက်သူ စာရေးဆရာ၊ဆရာမများသည် ယမန် နေ့ အောက်တိုဘာ ၁၇ ရက်က
 တွေ့ဆုံဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတွေ့ဆုံပွဲတွင် ညီလာခံ ကျင်းပနိုင် ရေးအတွက် ကော်မတီ (၆)ရပ်ကို ဖွဲ့စည်းခဲ့သည်။ယင်း ကော်မတီများ
မှာ အခမ်းအနားဖြစ်မြောက် ရေး၊ ရွှေးကောက်ပွဲကျင်းပရေး၊ စည်းရုံးရေး၊ဘဏ္ဍာရေး၊ မှတ်တမ်းပြုစုရေး၊ သ
တင်းနှင့်ပြန်ကြားရေး ကော်မတီတို့ ဖြစ်သည်။

PEN Myanmar သည် အဖွဲ့ဝင်အဆိုပြုလွှာများကိုစတင်လက်ခံနေပြီး ညီလာခံနေ့မတိုင်မီ အဖွဲ့ဝင် အဆိုပြု

လွှာ များကို တင်ရန် နိုးဆော်ထားသည်။ ထို့အပြင် PEN Myanmar၏ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ် ရွှေး
ကောက်ခံ လိုပါက အဖွဲ့ဝင်အဆိုပြုလွှာတင်သွင်းထားရန်လိုအပ်ကြောင်း သိရသည်။

ရသစာပေဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ထားသည့် PEN Myanmar သည် ကမ္ဘာတစ်ဝန်းရှိ စာပေပညာ ရှင်များပါဝင်သည့် PEN International ၏အသိအမှတ်ပြုမှုကို ယခုနှစ် စက်တင်ဘာလက ရရှိခဲ့ခြင်းဖြစ်သည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment