Pages

Friday, October 18, 2013

အရှုံးပေါ်နေသောကြောင့် ပြည်တွင်းရေကြောင်းလိုင်း ခရီးစဉ်အချို့ ရပ်နား

RangonNewsDaily:: October. 18 .2013
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့် ရပ်တည်ရသော ပြည်တွင်းရေ

ကြောင်း ပို့ဆောင်ရေးသည် ခြောက်လအတွင်း ကျပ်သန်း ၁၆၀ ခန့် အရှုံးပေါ်၍ ရေကြောင်းလိုင်းခရီးစဉ်အ
ချို့ ရပ်နားထားရကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က
 အောက်တိုဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
ယင်းသို့ ရပ်နားထားလိုက်သည်မှာ အောက်တိုဘာ လဆန်းပိုင်းကဖြစ်ပြီး ရပ်နားလိုက်သော လိုင်းများမှာ ရန်ကုန်-ပုသိမ်လိုင်း၊ရန်ကုန်-ပြည်လိုင်း၊ရန်ကုန်-အိမ်မဲ-ကျောင်းကုန်းလိုင်းတို့ ဖြစ်သည်ဟုလည်းဦး မောင်
မောင်င်က ဆိုသည်။

၎င်းက “ပြည်တွင်းရေကြောင်းလိုင်းတွေက ဆီဖိုးတောင်မရတဲ့အခြေအနေတွေ ရှိလာတယ်။ အဲဒီတော့ လိုင်း

အချို့ကို ရပ်လိုက်ရတာတွေရှိတယ်။ နောက်ပြီး အခြေအနေအရပ်ရပ်ကြောင့် မရပ်ရရင်တောင် ခေါက်ရေ
လျှော့ပြီး ပြေးဆွဲတဲ့ လိုင်းတွေလည်း ရှိတယ်”ဟု ပြောသည်။

ယင်းသို့ အရှုံးပေါ်နေသည်မှာ လိုက်ပါစီးနင်းသည့် ခရီးသည် နည်းပါးခြင်း၊ မိုးတွင်းကာလဖြစ်ခြင်း၊ ကုန်တင်

မှု နည်းပါးခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု ဦးမောင်မောင်လွင်က ပြောသည်။

ယင်းသို့ ပြည်တွင်းရေကြောင်းအနေဖြင့် အရှုံးပေါ်နေသော်လည်း ပုဂ္ဂလိကရေကြောင်းပို့ဆောင်ရေးလိုင်း

များ အနေဖြင့်မူ အမြတ်အစွန်းလည်း အသင့်အတင့်ရရှိပြီး အရှုံးပေါ်သည့် အခြေအနေမျိုးမရှိဟု ရန်ကုန်-
မော်လမြိုင်ကျွန်းသို့ နေ့စဉ်ပြေးဆွဲနေသော ရွှေစင်ကြယ်ရေယာဉ်မှ ကိုယ်စားလှယ် ဦးအောင်ကိုက ပြော
သည်။

“ပုဂ္ဂလိက ရေယာဉ်တွေကခရီးသည်တင်တာများတယ်။ ခရီးသည်တင်တဲ့ နေရာမှာ ခရီးသည်အတွက် လုံခြုံ

မှုနဲ့ သန့်ရှင်းရေးပိုင်းကအစ ၀န်ဆောင်မှု ကောင်းကောင်းပေးကြတယ်။ ပုဂ္ဂလိက ရေယာဉ်တွေမှာ အရှုံးမပေါ်ကြဘူး။ အဆင်ပြေကြပါတယ်”ဟု ပြောကြားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် လက်ရှိအချိန်တွင် အရှုံးပေါ် နေသော်လည်း ပွင့်လင်းရာသီဖြစ်

သော အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာလများတွင်ပို့ဆောင်ရေးအခြေနေများ ကောင်းမွန်လာနိုင်ပြီးအမြတ်
စွန်းမရရှိသည့်တိုင် သင့်တင့်သော ၀င်ငွေများ ပြန်လည်ရရန် မျှော်လင့်ထားသည်ဟုလည်း ဦးမောင်မောင်
လွင်က ပြောသည်။

၎င်းက “နှစ်ကုန်ပိုင်းလောက်အထိ ၀င်ငွေနဲ့ ထွက်ငွေပမာဏ ပြန်လည်မျှတလာနိုင်မယ်လို့ ခန့်မှန်းထား
ပါ

တယ်။ ဘာကြောင့်လည်းဆိုတော့ ပွင့်လင်းရာသီမှာ ရေကြောင်းလုပ်ငန်းက ပိုပြီးတွင်ကျယ်တဲ့အတွက်
ပါ”ဟု ပြောသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ပြည်တွင်းတွင် ပြေးဆွဲနေသောလိုင်းပေါင်း၂၀ ခန့် ရှိသည်။ ပြည်
တွင်း

ရေကြောင်းပို့ဆောင်ရေးကို နိုင်ငံတော်အစိုးရမှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၁၅ ဘီလီယံ မ
တည်ပေးခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မိမိဌာန၀င်ငွေဖြင့်သာ ရပ်တည်ရခြင်း ဖြစ်သည်။

Mizzima - News, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment