Pages

Saturday, June 27, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းတွင်နွားကိုရှောင်စဉ် ခိုင်မန္တလေးခရီးသည်တင်ယာဉ် တိမ်းမှောက်


RangonNewsDaily:: June . 26 .2015
မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နွားဖြတ်ပြေးသည်ကို တိမ်းရှောင်ရာမှ ခိုင်မန္တလေးခရီးတင်ယာဉ် လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသည်။
အမြန်လမ်းအတိုင်း မောင်း နှင်လာသည့် ခိုင်မန္တလေး ခရီး သည်တင်ယာဉ်သည် ဇွန်လ ၂၅ ရက် နံနက် ၅ နာရီက လမ်းလယ် ကျွန်းကိုတိုက်မိပြီး လမ်းဘေးထိုး ကျသွားခဲ့ကြောင်း အမြန်လမ်းမ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
::
‘‘ယာဉ်မောင်းအိပ်ငိုက်လို့မ ဟုတ်ပါဘူး။ လမ်းမှာနွားကဖြတ် ပြေးတာကိုရှောင်ရင်းမှောက်သွား တာ။ ခရီးသည်တွေကို အဆင်ပြေ အောင် ဂိတ်မှာရှိတဲ့ကားတစ်စီးနဲ့ အစားထိုးပြေးဆွဲပေးခဲ့တယ်’’ဟု ခိုင်မန္တလေးခရီးသည်တင် ယာဉ် လိုင်းပိုင်ရှင် ဦးမောင်ခိုင်က ပြော သည်။
::
ခိုင်မန္တလေး ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည် ၁၆ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက် မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ခရီး သည်တစ်ဦးသည်တပ်ကုန်းခုတင် ၁,၀၀၀ ဆံ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယခုနှစ်ဇန်န၀ါရီမှ မေလ ၂၈ ရက်အထိ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၄၀ ဦးရှိခဲ့သည်။
Photo ::တိမ်းမှောက်နေသော ခရီးသည်တင်ကားကို ပြန်လည်တည့်မတ်နေစဉ် (ဓာတ်ပုံ − Yangon-Mandalay Expressway) ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment