Pages

Saturday, June 27, 2015

ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင်အမှတ်၂၅၁/၁-၂ အကြား နေပြည်တော်-မန္တလေး ရွှေစင်စင်္ကြာယာဉ်တိမ်းမှောက်၍ ၈ ဦးဒဏ်ရာရ


RangonNewsDaily:: June . 26 .2015
ဇွန် ၂၆ ရက်နံနက် ၅ နာရီ ၃၀ မိနစ်က ပျော်ဘွယ်မြို့နယ် ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၂၅၁/၁-၂ အကြားတွင် ရွှေစင်စင်္ကြာ ယာဉ်လိုင်းမှ နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာလာသော ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၈ ဦး ဒဏ်ရာရခဲ့ပြီး မိတ္ထီလာ ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။




ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ် (ပ) ၁၉/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၃၇၊ ၃၃၈ အရ အမှုဖွင့်ထားကြောင်း သိရသည်။
EMG ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment