Pages

Saturday, June 27, 2015

စွန့်စွန့်စားစား ချစ်သူ နှစ်ဦး


RangonNewsDaily:: June . 26 .2015
အသက် ၂၃ နှစ်အရွယ် အမျိုးသား Leonardo Edson Pereira နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး Victoria Medeiros Nader တို့ဟာ အင်မတန် စွန့်စားတဲ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရသလိုပဲ တောင်ထိပ် ချောက်ကမ်းပါးကနေ တွဲကျနေတဲ့ ပုံစံနဲ့ ဓာတ်ပုံ အရိုက်ခံပါတယ်။ ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေယိုးမြို့ကို အထက်ကနေ မြင်နိုင်မယ့် Pedra de Gavea တောင်ထိပ်ကနေ ဖြစ်ပါတယ်။ တစ်ယောက်တစ်လှည့် တွဲလောင်းတွယ်ပြီး ကင်မရာ သမား တစ်ဦးက ရိုက်ကူးပေးပါတယ်။ သူတို့အနေနဲ့ ယင်းကဲ့သို့ တွယ်တဲ့အခါ ရရှိတဲ့ စိတ်လှုပ်ရှားမှုကို ကြိုက်နှစ်သက်လို့ပါတဲ့။ ယင်းနေရာမှာတင်မကပဲ သူတို့ နှစ်ဦးဟာ Atlantic Ocean ကို မျက်နှာမူပြီးတော့လည်း ချောက်ကမ်းပါး ထိပ်ကနေ တွယ်ဖူး၊ ထိုင်ဖူး၊ ရပ်ဖူး ပါတယ်။





သူတို့ နှစ်ဦးဟာ တမင်တကာကို ယင်းကဲ့သို့ လုပ်ရတာကို ကြိုက်နှစ်သက်ကြပြီး နောက်ပိုင်းတော့ ဓာတ်ပုံသမား မိတ်ဆွေခေါ်လို့ ဓာတ်ပုံအရိုက်ခံပါတယ်။ ယခုလို စွန့်စားမှုနဲ့ ပက်သက်ပြီး ဒေသခံ နဲ့ အုပ်ချုပ်သူများက ဘယ်လို ပြန် တုံ့ပြန်မလဲဆိုတာတော့ မသိပါဘူး။ သူတို့နှစ်ဦးရဲ့ စွန့်စားမှု ဓာတ်ပုံများကတော့ အင်တာနက်မှာ နာမည်ကြီးလာပါတယ်။
.
Ref: dailymail,(ရိုးရာလေး) , 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment