Pages

Saturday, June 27, 2015

ဗီယက်နမ်ချက်အရက်သောက်သုံးအပြီး မြန်မာလုပ်သားနှစ်ဦး သွေးအန်သေဆုံး


RangonNewsDaily:: June . 26 .2015
မလေးရှားနိုင်ငံ ပယ်ရပ်ပြည်နယ် စီတီဝမ်စီရီမာန်ကျုံးမြို့တွင် ဇွန်လ ၂၂ ရက်က ဗီယက်နမ်ချက်အရက်များသောက်သုံးပြီးနောက် မြန်မာလုပ်သားနှစ်ဦးနေရာတွင် သွေးများအန်ကာပွဲချင်းပြီးသေဆုံးသွားပြီး ကျန်သုံးဦးကိုအရေးပေါ်ဌာနတွင် ဆေးကုသပေးနေရကြောင်းသတင်းရရှိသည်။
“အဲဒီအရက်တွေက ဝမ်းပွိုင့်ဖိုက် လီတာသောက်မိရင်ကို သေတာ။ ဒီမှာတော့ ချက်အရက်လို့ ပြောနေကြတာပဲ။ ဗီယက်နမ်ချက်အရက်တွေလို့ ပြောတယ်။နှစ်ဦးကတော့ သေသွားတယ်။သုံးဦးက အရေးပေါ်ဖြစ်နေတယ်။တစ်ယောက်ကတော့ ဆရာဝန်ကပြောတာ သေတော့မယ်လို့ ပြောတယ်။ နှစ်ယောက်ကတော့ အခုထိသတိမရသေးဘူး”ဟု ကပ်ပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးဆန်းဝင်းက ပြောသည်။


ဗီယက်နမ်ချက်အရက်များရောင်းချသော နေရာကို မလေးရှားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ဖမ်းဆီးမိခြင်းမရှိကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူနှစ်ဦးအနက် ရခိုင်ပြည်နယ်ကျောက်တော်မြို့ဇာတိဖြစ်သူ အသက်(၃၀)အရွယ် ကိုနီနီကို ဇွန်လ၂၅ရက်တွင် ကပ်ပုန်းနာရေးကူညီမှုအသင်းက သဂြိုဟ်လိုက်ပြီဖြစ်သည်။ “တစ်ယောက်ကတော့သဂြိုဟ်ပြီးသွားပြီ။ ကျန်တယောက်ကတော့ သူ့ရဲ့ဆွေမျိုးတွေ မသိရသေးလို့ မသဂြိုဟ်ရသေးဘူး”ဟု ဦးဆန်းဝင်းက ပြောသည်။
::
မလေးရှားနိုင်ငံတွင် ချက်အရက်များသောက်သုံးမှုကြောင့် မြန်မာလုပ်သားများမကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း မလေးရှားရောက်မြန်မာလုပ်သားများအားကူညီပေးနေသော ကိုမျိုးညွှန့်ကပြောသည်။
Photo - ကပ်ပုန်းနာရေးကူညီမူအသင်း, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment

 
world time