Pages

Saturday, June 27, 2015

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားတွင်အရှိန်မထိန်းနိုင်သောယာဉ် တံတားကို ကာရံထားသည့်အုတ်ခုံအား ဝင်ရောက်တိုက်မိတိမ်းမှောက်တစ်ဦးသေဆုံး


RangonNewsDaily:: June . 26 .2015
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်နေ ရာဇာမင်း(၂၈)နှစ်မောင်းနှင်လာသော EE/×××× Toyota Fielder ခဲရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ်(၂၁၄/၄-၅)ကြားရှိ တံတားထိပ်တွင်ကာရံထားသည့်အုတ်ခုံအား ဝင်ရောက်တိုက်မိကာ လမ်းမပေါ်၌ ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
::
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်နေ ဒေါက်တာ ကျော်မင်း(၅၈)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ယာဉ်မောင်း ရာဇာမင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နေ ဦးဇင်တိုးလှိုင်(၄၂)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ကာ ရာဇာမင်းအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment