Pages

Saturday, June 27, 2015

မြ၀တီ-ကော့ကရိတ်လမ်းပိုင်း မြေပြို၍ ကားအစီး ၂၀၀ ခန့်ပိတ်မိ


RangonNewsDaily:: June . 26 .2015
အာရှလမ်းမကြီး မြ၀တီ- ကော့ကရိတ် လမ်းပိုင်းတွင် ယနေ့နံနက်က မြေပြို၍ လမ်းပိတ်ဆို့ခြင်းကြောင့် ကားအစီးရေ ရာချီပိတ်မိနေခဲ့ကြောင်း သတင်းရရှိသည်။
ကောကရိတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ ဆိတ်ဖူးတောင်နေရာတွင် ယနေ့နံနက် ၅ နာရီခန့်မှ စတင်ကာ ပေတစ်ရာခန့်အကျယ် မြေပြိုခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာသို့ ရောက်နေသည့် ဒေသခံသတင်းသမား မောင်ကျော်(ကော့ကရိတ်)က ပြောသည်။
"ကားလမ်းပေါ် တောင်မြေတွေ ပြိုကျတာ။ လမ်းခင်းတဲ့ထိုင်းကုမ္ပဏီက ဘက်ဟိုးတစ်စီး၊ ဘူဒိုဇာတစ်စီးနဲ့ လမ်းရှင်းပေးလို့ ၁၁ နာရီကျော်လောက်မှာ လမ်းပွင့် သွားပြီ။ ဒါပေမဲ့မိုးက ထပ်ရွာနေလို့ သတိထားဖို့တော့လိုမယ်"ဟု ၄င်းကပြောသည်။
::
တောင်မြေပြိုမှုကြောင့် အာရှလမ်းမကြီးပေါ်တွင် ကားအစီးရေ နှစ်ရာဝန်းကျင် သုံးနာရီခန့်ကြာ အောင်ပိတ်မိနေခဲ့သော်လည်း နေ့လည်ပိုင်းတွင် လမ်းပွင့်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- မောင်ကျော်ကြီး ဖေ့စ်ဘွတ်ခ်
7Day Daily ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment