Pages

Wednesday, June 24, 2015

မားစ်ရောဂါထိန်းချုပ်ရေး ယူအေအီးတွင် တိကျသည့် အစီအစဉ်ဖြင့် ဆောင်ရွက်


RangonNewsDaily:: June . 23 .2015
အာရတ် စော်ဘွားများနိုင်ငံ (ယူအေအီး) မှာ ၂၀၁၃ ခုနှစ်က မားရောဂါကူးစက်သူ တယောက်ကို တွေ့ခဲ့ရပြီး ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့ခြင်း မရှိခဲ့ပေမယ့် မားစ်ရောဂါ ထိန်းချုပ်ရေးအတွက် တိကျတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်နေပါတယ်လို့ ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့် အရင်တပတ်က မားစ်ရောဂါ ကူးစက်ခံရသူ ၂ ယောက်ကို ထပ်မံ တွေ့ရှိခဲ့ရပြီး ဇွန် ၁၈ ရက်နေ့က လူနာတယောက် သေဆုံးခဲ့ကာ နောက်တယောက်ကတော့ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေကြောင်း မားစ်ရောဂါ စတင်တွေ့ရှိတဲ့ ၂၀၁၃ မတ်လကစလို့ ရေတွက်ရင် ကူးစက်သူ ၇၅ ယောက်နဲ့ သေဆုံးသူ ၁၂ ယောက် ရှိကြောင်းလည်း ဆိုပါတယ်။
ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံတကာ ကျန်းမာရေးဌာနက ဒေါက်တာ ဖာတီမာ အယ် အတ်တာက ရောဂါအခြေအနေကို ရှင်းပြပါတယ်။
::
“အခုအထိတော့ ယူအေအီးမှာ ဆိုးဆိုးရွားရွား ကပ်ဘေးအသွင်မဆောင်ပါဘူး။ ရံဖန်ရံခါ ပေါ်ပေါက်တဲ့ သဘောမျိုးပါပဲ။ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ အရေးပေါ် စီမံကိန်းလည်း ချမှတ်ထားပါတယ်။ အဆင့်မြင့် ကော်မတီတရပ်လည်း ဖွဲ့စည်းထားပါတယ်။ ကော်မတီရဲ့ လက်အောက်မှာ ကော်မတီခွဲတွေ ရှိတယ်။ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ရောဂါကူးစက်မှု မရှိအောင် ပူးပေါင်းဆောင်ရွက်နေပါတယ်။ လူတယောက်မှာ မားစ်ရောဂါ လက္ခဏာ တွေ့ရတယ်လို့ ယူဆရင် အတည်မပြုနိုင်သေးပေမယ့် ဥပမာ ကိုယ်အပူချိန် ၃၈ ဒီဂရီ လောက်ဆိုရင် ကျမတို့ကတော့ လူနာကို သီးသန့်ခွဲထားလိုက်ပါတယ်။”
::
တချို့ မားစ်လူနာတွေဟာ ကုလားအုတ်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်သူတွေဖြစ်ပြီး အိုမန်က လူနာတယောက်က သူဟာ ကုလားအုတ်နို့ကို သောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒေါက်တာ အယ် အတ်တာကတော့ ကုလားအုတ်ကနေ လူဆီကို မားစ်ရောဂါ ကူးစက်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်ထား မတွေ့ရဘူးလို့ ပြောပါတယ်။
ဒါပေမ့ယ် လူတွေအနေနဲ့ ကုလားအုတ်နို့ကို မသောက်ဖို့နဲ့ ကုလားအုတ်အသားကို အစိမ်းမစားဖို့ သတိပေးပါတယ်။
::
တချို့လူတွေက ကုလားအုတ်တွေနဲ့ ပတ်သက်မှုလည်း မရှိပါဘူး။ ဒါကြောင့် မားစ်ဗိုင်းရပ်နဲ့ ကုလားအုတ် ဘယ်လိုပတ်သက်သလဲ၊ လူဆီကို ဘယ်လိုကူးသလဲ၊ တခြား ဘယ်လိုနည်းနဲ့ ကူးသလဲဆိုတာကို မသိနိုင်သေးပါဘူး။
မားစ်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေကြားမှာ အထိတ်တလန့်မဖြစ်ဖို့ ရောဂါအကြောင်းနဲ့ ကူးစက်မခံရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းနာတွေကိုလည်း ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပညာပေးနေပါတယ်။
DVB ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment