Pages

Wednesday, June 24, 2015

ရန်ကုန်တွင် ၂၂ နာရီအတွင်း မုဒိမ်းမှု လေးမှုဖြစ်

RangonNewsDaily:: June . 23 .2015
ရန်ကုန်တိုင်းဒေသကြီးရှိ ထန်းတပင်၊ လှည်းကူး၊ မှော်ဘီနှင့် သုံးခွမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ ၂၂ နာရီအတွင်း အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု လေးမှုအထိ ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ စုံစမ်းသိရှိရသည်။
“မုဒိမ်းမှု ကျူးလွန်မှုနဲ့ တိုင်ကြားခံရသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်။ ဒီဖြစ်စဉ်တွေမှာ စစ်ဆေးတွေ့ရှိတာက လူပြတ်တဲ့နေရာတွေမှာ အမျိုးသမီးငယ်တွေ တစ်ယောက်တည်း သွားလာရာကနေ အဓမ္မပြုကျင့်ခံရတာတွေကို စစ်ဆေးတွေ့ရှိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လှည်းကူးမြို့နယ် တာဆုံရှိ ထမင်းဆိုင်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အမျိုးသားနှစ်ဦးက ဇွန်လ ၂၁ ရက် နံနက် ၂ နာရီခန့်က အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ပြီး အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခန့်က မှော်ဘီမြို့နယ် အမှတ် ၄ လမ်းမတွင် ဈေးဝယ်ပြန်လာသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အမျိုးသားတစ်ဦးက ချုပ်နှောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းထံမှ သိရှိရသည်။
::
ဇွန်လ ၂၁ ရက်နေ့ ည ၁၀ နာရီတွင် ထန်းတပင်မြို့နယ် လမုတန်းရွာရှိ နေအိမ်သို့ အလုပ်မှ ပြန်လာသော အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးကို စက်လှေမောင်းသူက အဓမ္မပြုကျင့်ခဲ့ပြီး ယင်းနေ့ ည ၁၂ နာရီခန့်က သုံးခွမြို့နယ် သာဂရကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး အဓမ္မပြုကျင့်ခံရကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ စုံစမ်းသိရှိရသည်။
“သုံးခွမှာဖြစ်တဲ့ မုဒိမ်းမှုက အမျိုးသားက သူငယ်ချင်းတွေနဲ့ အရက်အတူသောက်ပြီး အိပ်ဖို့ခေါ်လာတဲ့ သူငယ်ချင်းက ညည့်နက်ချိန်မှာ အိမ်ရှင်အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ။ အမျိုးသမီးတွေ ခရီးသွားလာရင် မိသားစု အဖော်တစ်ယောက်ခေါ်ပြီး သွားလာသင့်သလို ကိုယ့်နေအိမ်မှာ သူစိမ်းလူကို ညအိပ်ခွင့် မပြုစေချင်ဘူး။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
::
ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုများ လျော့နည်းကျဆင်းစေရန် မြို့နယ်များတွင် မှုခင်းကျဆင်းစေရေး ပညာပေးဟောပြောပွဲများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ဟောပြောပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အဓမ္မပြုကျင့်မှု ၆၁ မှု ဖြစ်ပွားခဲ့ရာ ထက်ဝက်ခန့်မှာ အရွယ်မရောက်သေးသူများအပေါ် ကျူးလွန်မှုများ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
::
ကလေးသူငယ်များနှင့် အမျိုးသမီးများအနေနှင့် ညပိုင်းတွင် တစ်ဦးတည်း သွားလာခြင်း၊ နေအိမ်တွင် တစ်ဦးတည် နေထိုင်ခြင်း၊ သူစိမ်းများနှင့် ရင်းနှီးစွာ နေထိုင်ခြင်း၊ လူစိမ်းများကို နေအိမ်တွင် ညအိပ်ရန် ခွင့်ပြုခြင်း၊ ကလေးသူငယ်များကို မိဘများက အိမ်နီးချင်းများနှင့် ထားရှိခဲ့ခြင်းတို့မှာ အဓမ္မကျူးလွန်မှု ဖြစ်ပွားရသော အကြောင်းအချက်များတွင် ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment