Pages

Wednesday, June 24, 2015

ကွန်ပျူတာပေါ်က မြန်မာစကားလုံးများကို မြန်မာအသံထွက်စနစ်ဖြင့်ဖတ်နိုင်မည့် ဆော့ဖ်ဝဲဖန်တီးမှုအောင်မြင်


RangonNewsDaily:: June . 23 .2015
ကွန်ပျူတာမျက်နှာ ပြင်ပေါ်ရှိ မြန်မာစကားလုံးများကို အသံထွက်စနစ်ဖြင့် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ မျက်မမြင်များအသင်းနှင့် Solve Circle Software Team တို့ ပူးပေါင်းပြီး မြန်မာစာအသံထွက်စနစ် (Myanmar Text to speech) application ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
''ဒီအက်ပလီကေးရှင်းလေး ဖြစ် မြောက်ဖို့ မျှော်မှန်းခဲ့တာ ကြာပြီ။ ဒါ ပေမဲ့ ၂ဝ၁၃ ခုနှစ်မှအကောင်အထည် စဖော်ခဲ့တယ်။ ဒီလုပ်ငန်းစဉ်အတွက် The Nippon Foundation က ငွေ ကြေးထောက်ပံ့မှု ပေးခဲ့ပါတယ်။ ဒီ အက်ပလီကေးရှင်းကို ကျွန်တော်တို့ မျက်မမြင်တွေသာမက တစ်နိုင်ငံလုံး မှာရှိတဲ့ မြန်မာစာကို စာမဖတ်ဘဲ အ သံထွက်နဲ့ နားထောင်ချင်တဲ့သူတွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်''ဟု မြန်မာ နိုင်ငံမျက်မမြင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောကြားသည်။
::
ယခုအခါ အဆိုပါအက်ပလီ ကေးရှင်း၏ မြန်မာအသံထွက် အ နည်းငယ်ပီသံရန် လိုအပ်မှုကြောင့် မွမ်းမံမှုများ ထပ်မံပြုလုပ်ရန် ကျန်ရှိနေ ကြောင်း သိရသည်။
''မြန်မာစာက တခြားဘာသာ စကားတွေလိုမဟုတ်ဘူး။ သံတူ ကြောင်းကွဲတွေနဲ့ ခက်ခဲတယ်။ ပဲပြုတ် သည်လို့ ရေးပေမယ့် ပဲပြုတ်သယ်လဲ ရတယ်။ ပဲပြုတ်သယ်လဲ သုံးတဲ့အခါ ဘယ်နေရာမှာ ဘယ်အသံထွက်မလဲ ဆိုတာမျိုးကို ခက်ခက်ခဲခဲလုပ်ဆောင် နေရပါတယ်။ 
::
ဒါကြောင့် အခုစမ်းသပ် ပြတဲ့ အက်ပလီကေးရှင်းက အကြမ်း ပဲရှိပါသေးတယ်။ ကျွန်တော်တို့လိုပဲ အက်ပလီကေးရှင်းရေးဆွဲနေတဲ့ တ ခြားအဖွဲ့တွေ ရှိပါသေးတယ်''ဟု မြန် မာစာ အသံထွက်စနစ် (Myanmar Text to speech) application ရေး ဆွဲရာတွင်ပါဝင်သည့် ကိုအောင်လွင် ဦးက ပြောကြားသည်။
မြန်မာစာအသံထွက်စနစ် (Myanmar Text to speech) application ရေးဆွဲပြီးစီးမှု မိတ်ဆက်ပွဲအခမ်းအ နားကို ဇွန် ၂ဝရက်က ကျင်းပခဲ့ပြီး ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် မည်သူ မဆို အခမဲ့ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
Democracytoday ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment