Pages

Wednesday, June 24, 2015

“ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် ကိုးခုအတွက် လေးကြိမ်မြောက် မဲစာရင်း စတင်ကြေညာ’’


RangonNewsDaily:: June . 23 .2015
ပြည်နယ်နှင့်တိုင်း ကိုးခုတွင် ကျန်ရှိနေသေးသည့် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ယနေ့ ဇွန် ၂၂ နံနက်မှ စ၍ ဇူလိုင် ၅ ရက် အထိ ၁၄ ရက်ကြာ ကပ်ထားပြီ ဖြစ်သည်။ 
ယခု စတုတ္ထအကြိမ်မြောက်ကြေငြာသည့် မဲစာရင်းတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီး၊ အတွင်းရှိ ခရိုင်များအားလုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ ၊ ညောင်ဦး၊ ရမည်းသင်း ခရိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူ၊ သာယာဝတီ၊ ပြည် ခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကသာ၊ ကလေး၊ မော်လိုက်၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တနင်္သာရီတိုင်းဒေသကြီးမှ ကော့သောင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးမှ မဲစာရင်းကြေညာရန် ကျန်ရှိနေသော မြို့နယ် ၂၁ မြို့နယ်တို့ပါဝင်သည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment