Pages

Sunday, June 28, 2015

မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရ အစီရင်ခံစာထုတ်ပြန်

အစီရင်ခံစာကို အဓိကပြုစုခဲ့သည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလီနောစကီး
RangonNewsDaily:: June . 27 .2015
မြန်မာနိုင်ငံတွင် ပဋိပ က္ခဖြစ်ပွားသည့် ဒေသများ၌ နိုင်ငံသားများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခံရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဌာ နမှ ၂၀၁၄ အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေဆိုင် ရာ အစီရင်ခံစာကို ဇွန်လ ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာတစ်ခုလုံး၏ အနှစ်ချုပ်တွင် မြန်မာ နိုင်ငံ၌ လူ့အခွင့်အရေးအခြေအ နေ တိုးတက်အောင် လုပ်ဆောင် မှုများ ရှိခဲ့သော်လည်း ထိုအခြေအနေအားလုံးမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ကန်နိုင်ငံခြားရေးက ထုတ် ပြန်လိုက်သည့် အဆိုပါအစီရင်ခံ စာတွင် မြန်မာနိုင်ငံနှင့် ပတ်သက် ၍ လူ့ဂုဏ်သိက္ခာ၊ အရပ်ဘက် လွတ်လပ်ခွင့်၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ လိင်ခွဲခြားမှုနှင့် ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံ ခံရမှု၊ အကျင့်ပျက်ခြစားမှုနှင့် ပွင့်လင်းမြင်သာမှု၊ အလုပ်သမား အခွင့်အရေး စသည့် အခန်းခုနစ်ခန်းဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၂ တွင် နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးခြင်း၊ အကျဉ်း ထောင်များ၏ အခြေအနေ တိုး တက်ကောင်းမွန်အောင် ဆောင် ရွက်ပေးခြင်း၊ အပစ်အခတ်ရပ်စဲ ရေး လုပ်ဆောင်ခြင်း စသည့် အ ခြေအနေများ တိုးတက်အောင် ပြု လုပ်နေသော်လည်း တစ်ဖက်တွင် ရခိုင်ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေမှာ ဆိုးရွားနေဆဲဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ပြည် ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့များက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များကို ကန့် သတ်ထားဆဲဖြစ်ပြီး ခွဲခြားဆက် ဆံမှုနှင့် အကြမ်းဖက်မှုများ ဖြစ် ပွားရသည့် အဓိကအကြောင်းအ ချက်ကို ရှာဖွေဖြေရှင်းမှုမပြုလုပ် ကြောင်း အစီရင်ခံစာက ထောက် ပြသည်။

အစိုးရသည် နိုင်ငံမဲ့ဘင်္ဂါလီ (အစီရင်ခံစာတွင် ရိုဟင်ဂျာဟု ဖော်ပြ)များအတွက် နိုင်ငံသားဖြစ်ခွင့်အတွက် တရားမျှတသည့် လုပ်ငန်းစဉ်များကို စတင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။ ပဋိ ပက္ခဖြစ်ပွားသည့် ၂၀၁၂ မှစ၍ ရခိုင်ပြည်နယ်အတွင်းမှ ထွက် ပြေးသွားသူ ဘင်္ဂါလီတစ်သိန်း ကျော်ရှိနေပြီး ၎င်းတို့အနက် ဘင်္ဂါလီ တစ်သောင်းခြောက်ထောင် ကျော်မှာ လွန်ခဲ့သည့် သီတင်းပတ်များက လှေစီးထွက်ပြေးခဲ့ကြပြီး လူကုန်ကူးသူများနှင့် လက်နက် ကိုင်တို့၏ပစ်မှတ်များ ဖြစ်လာနေကြောင်း အစီရင်ခံစာက ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် သိသားထင်ရှားသည့် အခြားလူ့အခွင့်အရေးချိုးဖောက် မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော် ကားမှုများ၊ နိုင်ငံရေးလှုံ့ဆော်ဖမ်း ဆီးမှုများ ဖြစ်ပွားနေခြင်း၊ တရား ဥပဒေစိုးမိုးမှု အားနည်းခြင်း ကြောင့် အကျင့်ပျက်ခြစားမှုများ ရှိနေခြင်း၊ လုံလောက်သည့် လျော်ကြေး(သို့မဟုတ်)ပြန်လည်ကုစား မှုမပါဝင်ဘဲ မြေယာသိမ်းဆည်းမှု များမြင့်တက်နေခြင်း၊ ဂျာနယ် လစ်များ ဖမ်းဆီးထောင်ချခံရခြင်း နှင့် မီဒီယာလွတ်လပ်ခွင့် ကန့် သတ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

ထို့ပြင် အာဏာပိုင်များအ နေဖြင့် ပဋိပက္ခဒေသအတွင်း အ ရပ်သားများကို အကာအကွယ် ပေးရန် ပျက်ကွက်နေပြီး ဖမ်းဆီး ထိန်းသိမ်းခံ အကျဉ်းသားများအ ပေါ်တွင် အစိုးရအနေဖြင့် လူ့အ ခွင့်အရေး ချိုးဖောက်မှုများရှိ ကြောင်း သတင်းများရရှိခဲ့သည် ဟု အစီရင်ခံစာက ဆိုသည်။
အကျဉ်းထောင်များ၏ အ ခြေအနေမှာ ကြမ်းတမ်းနေဆဲဖြစ် ပြီး ယေဘုယျအားဖြင့် အသက် အန္တရာယ်ကို ခြိမ်းခြောက်မှုများ မရှိတော့သော်လည်း အလုပ်စ ခန်းများတွင်မူ အချို့ဒေသများ၌ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြ ထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်၊ လူစုလူဝေးပြုလုပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုများကို ဥပဒေများဖြင့် ကန့်သတ်ထိန်းချုပ်ထားဆဲဖြစ်ပြီး အာဏာပိုင်များက ဖိနှိပ်နေဆဲဖြစ် ကြောင်း ပါရှိသည်။

စစ်တပ်က ကလေးစစ်သား ၅၅၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး က လေးစစ်သား အသုံးပြုမှုကို လျှော့ ချရန် လျင်လျင်မြန်မြန် ကြိုးစားမှုများကို အသိအမှတ်ပြုသော် လည်း ကလေးစစ်သားအသုံးပြုမှု နှင့် စုဆောင်းမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ဖော်ပြ ထားသည်။
တိုင်းရင်းသားများ၊ လူနည်း စု ဘာသာရေးအုပ်စုများနှင့် နိုင်ငံ မဲ့များအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှု များ ဆက်လက်ဖြစ်ပေါ်နေပြီး လူ ကုန်ကူးမှုများလည်း ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်းနှင့် က လေးငယ်များအား အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်းများကို ယခင်ထက်စာလျှင် အနည်းငယ် လျှော့ချနိုင်သော်လည်း ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပါရှိသည်။

အစိုးရက နိုင်ငံသားများအ ပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များကျူးလွန်သည့် အာဏာပိုင် အချို့အား အရေးယူအပြစ်ပေးမှု များကို အကန့်အသတ်ဖြင့် ပြုလုပ်သော်လည်း အစိုးရတာဝန်ရှိသူ များနှင့် လုံခြုံရေးအရာရှိများ၏ ကျူးလွန်မှုများကိုမူ အရေးယူရန် ပျက်ကွက်နေဆဲဖြစ်ကြောင်း အစီ ရင်ခံစာက ဆိုသည်။
ထို့ပြင် တိုင်းရင်းသားလက် နက်ကိုင် တပ်ဖွဲ့အချို့တွင်လည်း အရပ်သားများနှင့် ကလေးငယ် များအပေါ် အတင်းအဓမ္မ လုပ် အားပေးစေခိုင်းခြင်း၊ ကလေးစစ် သားစုဆောင်းခြင်းနှင့် ပဋိပက္ခဒေ သအတွင်း အရပ်သားများကို အ ကာအကွယ်ပေးရန် ပျက်ကွက် ခြင်း စသည့် လူ့အခွင့်အရေးချိုး ဖောက်သည့် ကျူးလွန်မှုများရှိနေ သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုအစိုးရ သစ်လက်ထက်အတွင်း ဂျာနယ် လစ်အနည်းဆုံး ၁၂ ဦးခန့် ထောင် ချခံရပြီး သတင်းထောက် ၄၀ ဦးခန့် တရားစွဲဆိုခံနေရသည်။ ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း တက်ကြွလှုပ်ရှားသူအများ စုမှာလည်း ငြိမ်းစုစီဥပဒေ၊ အစိုးရအကြည်ညိုပျက်စေမှု၊ ဆူပူလှုံ့ဆော်ရန် ကြံစည်မှု စသည့် ပုဒ်မများဖြင့် ထောင်ချခံနေရပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် သံသယဖြစ်ဖွယ်ကောင်းကြောင်း ပြည်တွင်းဥပဒေပညာရှင်အချို့က ထောက်ပြထား သည်။

‘‘လူ့အခွင့်အရေးရဲ့ အခြေခံ ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးက ကင်းမဲ့နေတယ်။ အုပ်စုဖွဲ့အကြမ်းဖက်၊ လူသတ်လုယက်မှုတွေနဲ့ ပတ်သက်ရင် ရဲတပ်ဖွဲ့က ထိထိ ရောက်ရောက် အရေးယူကိုင် တွယ်မှု အားနည်းပေမယ့် လူ့အ ခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ နိုင် ငံရေးသမားနဲ့ ကျောင်းသားတွေ ကိုကျတော့ အစွမ်းကုန်လိုက်ဖမ်း နေတယ်။ တရားဥပဒေစိုးမိုးရေး မျှတမှုမရှိတော့ လူ့အခွင့်အရေး ကိုလည်း ထိခိုက်လာတာပေါ့။ လွှတ်တော်တောင် သတင်းယူခွင့် ကန့်သတ်ခံရတော့ လူ့အခွင့်အ ရေးပိုင်းမှာ အရမ်းအားနည်းသွား ပါပြီ’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
7Day Daily, 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment