Pages

Sunday, June 28, 2015

မိုးကောင်း၍ တိုင်းနှင့်ပြည်နယ် ခြောက်ခု ရေဘေးကြုံနေပြီး ကရင်နှင့် ရခိုင်တွင် ကယ်ဆယ်ရေးစခန်းလေးခုဖွင့်ထား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေလွှမ်းနေစဉ် (ဓာတ်ပုံ − Tun Tun Naing (ကျောက်ဖြူ))
RangonNewsDaily:: June . 27 .2015
မိုးကောင်းနေသော ကြောင့် တိုင်းဒေသကြီးနှင့် ပြည် နယ် ခြောက်ခုတွင် ရေဘေးအန္တ ရာယ်ရင်ဆိုင်နေရပြီး ကရင်နှင့် ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေး စခန်းလေးခု ဖွင့်လှစ်ထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ သတင်း ရရှိသည်။

ရခိုင်၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ရေဘေးအန္တ ရာယ်တွေ့ကြုံနေရပြီး ရခိုင်ပြည် နယ်တွင် အဆိုးရွားဆုံးဖြစ် ကြောင်း သတင်းရရှိသည်။ ရေ ဘေးကြောင့် ကရင်ပြည်နယ်လှိုင်း ဘွဲမြို့နှင့် ရခိုင်ပြည်နယ် ကျောက် တော်မြို့တို့တွင် ကယ်ဆယ်ရေးစ ခန်းလေးခုဖွင့်ထားပြီး လူဦးရေ ၇၀၀ ခန့် ခိုလှုံနေကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘ကယ်ဆယ်ရေးစခန်းလေး ခုဖွင့်ထားတယ်။ ဒီဌာနက နေ တော့ ခေါက်ဆွဲခြောက်တို့၊ ရေ သန့်တို့၊ ကြက်ဥတို့ ထောက်ပံ့ဖို့ လုပ်နေတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက် တော်၊ သံတွဲ၊ တောင်ကုတ်၊ ဘူး သီးတောင်၊ မောင်တောမြို့တို့ တွင် မြေနိမ့်ပိုင်းနေသူအချို့ နေ အိမ်များ ရေနစ်မြုပ်နေပြီး ကျောက်တော်မြို့တွင် နီးစပ်ရာ အဆောက်အအုံအချို့၌ ကယ် ဆယ်ရေးစခန်းဖွင့်ထားကာ လူဦး ရေ ၃၀၀ ခန့် လာရောက်ခိုလှုံနေ ကြောင်း လူကယ်ပြန်ဌာနမှ သ တင်းရရှိသည်။ ဘူးသီးတောင် မြို့နယ်တွင် အိမ်ခြေလေးဆယ် ခန့်ရှိသော ကျေးရွာတစ်ခု ရေနစ် မြုပ်သွားပြီး လူဦးရေ ၂၀၀ ခန့် ကယ်ဆယ်ရေးစခန်းတွင် ကယ် ဆယ်ထားရကြောင်း သတင်းရရှိ သည်။ ထို့ပြင် ဘူးသီးတောင်မြို့ နယ်ဆေးရုံ ရေနစ်မြုပ်ခဲ့သော ကြောင့် လူနာ၃၀ ခန့်ကို အစိုးရ စာသင်ကျောင်းတစ်ခုတွင် ပြောင်းရွှေ့ပေးထားရကြောင်း သတင်း ရရှိသည်။ တောင်ကုတ်မြို့ပေါ် တွင်လည်း ရေသုံးပေခန့်အထိ နစ်မြုပ်နေသောကြောင့် ဈေး၊ ကျောင်းနှင့် ရုံးဌာနများ ပိတ်ထား ရကြောင်း ဇွန်လ ၂၆ ရက်တွင် အစိုးရက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း မိုး သည်းထန်စွာ ရွာသွန်းနေသော ကြောင့် ရန်ကုန်-စစ်တွေ ကား လမ်းပိုင်းနှင့် ဘူးသီးတောင်-မောင်တောကားလမ်းပိုင်းတွင် ကားလမ်းပေါ် မြေပြိုကျမှုများ ဖြစ်ပေါ်နေ၍ သတိထား သွား လာရန်လိုကြောင်း ပြည်နယ်အစိုး ရက ဇွန်လ ၂၆ ရက်၌ သတင်း ထုတ်ပြန်ပေးခဲ့သည်။ ဇွန်လ ၂၆ ရက် တစ်နေ့တည်းတွင် ယင်း မြို့အားလုံး၌ ပုံမှန်ထက် ပိုမိုမိုးရွာသွန်းခဲ့ကြောင်းမိုး /ဇလ ဌာနမှ သတင်းရရှိသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့ တွင် မြစ်ရေတက်ကာ ကျေးရွာ နှစ်ရွာ ရေမြုပ်နေသောကြောင့် ဒေသခံလူဦးရေ ၃၀၀ ခန့် အ တွက် ကယ်ဆယ်ရေးစခန်းဖွင့် ထားရကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ကော့ကရိတ်မြို့တွင်လည်း မိုး သည်းထန်စွာ ရွာသွန်းနေပြီး မြေ နိမ့်ရပ်ကွက်များ ရေနစ်မြုပ်နေ ကြောင်း ဒေသခံများက ပြော သည်။ ကော့ကရိတ်မြို့နှင့် မြဝ တီမြို့ကြားရှိ အာရှလမ်းမကြီး လမ်းပိုင်းတွင် ဇွန်လ ၂၆ ရက် နံနက်က ကားလမ်းပေါ် မြေပြိုကျ ခဲ့ပြီး ယာဉ်စီးရေ ရာနှင့်ချီ၍ လမ်း ပိတ်ဆို့မှုဖြစ်ခဲ့သည်။

ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာ ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ တွင်လည်း မိုးသည်းထန်စွာ ရွာ နေဆဲဖြစ်ပြီး ရေဘေးသင့်သူများ မရှိသေးသော်လည်း ကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ရန် ပြင် ဆင်ပေးထားကြောင်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ် ပေါင် မြို့နယ်၊ မုတ္တမကျေးရွာတွင် ဇွန် လ ၂၆ ရက် နံနက်အစောပိုင်းက လေပြင်းကျခဲ့ပြီး နေအိမ်အချို့ ပြို ကျပျက်စီးခဲ့ကြောင်း ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။

လာမည့်သုံးရက်ခန့်ကြာ အောင် မိုးသည်းထန်စွာ ရွာသွန်း နိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး ကျော်မိုးဦးက ပြောသည်။
‘‘မုတ်သုံလေအားကောင်း နေသေးတာကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ နောက် သုံးရက်လောက် မိုး ကောင်းနေနိုင်သေးတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။
7Day Daily, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment