Pages

Sunday, June 28, 2015

ရန်ကုန်၊ မွန်ပြည်နယ်တို့မှ ကိုးတန်းနှင့် ဆယ်တန်း ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအတွက် SCG Sharing the Dream အစီစဉ်အရ ပညာသင်ထောက်ပံ့ကြေးပေး


RangonNewsDaily:: June . 27 .2015
ရန်ကုန်နှင့်မွန်ပြည်နယ်မှ ကျောင်း သား၊ ကျောင်းသူ ၂၀၀ ဦးအတွက် SCG Sharing the Dream အစီစဉ်အရ ပညာသင်နှစ် တစ်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ၂ သိန်းကျော် ထောက်ပံ့သွားရန်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပညာရေးမှတ်တမ်း ကောင်းရှိပြီး မိသားစုအပေါ် သိတတ်သည့် ရပ်ရွာ လူမှုပတ်ဝန်းကျင်များတွင် ကူညီပေးတတ်သည့် ရန်ကုန်နှင့် မွန်ပြည်နယ်တွင် အမြဲတမ်းနေထိုင်သည့် ကိုးတန်း (Grade 10) (သို့) ဆယ်တန်း (Grade 11) ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၂ ရက် နေ့ မှ ဇူလိုင်လ ၁၇ ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
::
လျှောက်ထားလိုသည့် ကျောင်းသူ၊ကျောင်းသားများ အနေဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ ကျောင်းရုံးခန်းတွင် ရှိသည့် စစ်တမ်းမေးခွန်းလွှာကို ပြည့် စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။ ပြည့်စုံစွာ ဖြည့်စွက်ထားသော စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထားလိုသူ ကျောင်းသူ၊ကျောင်းသားအနေဖြင့် မိဘများအပေါ်တွင် မည်ကဲ့သို့ကျေးဇူး သိတတ်ကြောင်းနှင့် မိမိအိမ်တွင် မည်ကဲ့သို့ အကူအညီပေးနေခြင်း အကြောင်းအ ရာကို ရေးသားထားသော စာပိုဒ်တစ် ပိုဒ်ပါဝင်ရမှာဖြစ်ကြောင်း သိရသည်။
::
ပညာသင်ဆု လျှောက်လွှာတင် သည့်အခါတွင် လျှောက်ထားသူ၏ ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံနှင့် မိမိ၏ ဆရာ သို့မဟုတ် ဆရာမ၏ ထောက်ခံစာနှင့်တကွ ထည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ SCG နှင့် မိတ် ဖက်အဖွဲ့အစည်းများမှ ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်သွားမည် ဖြစ်ပြီး Sဃွ ၏ ဝန်ထမ်းများကလည်း လူရွေးချယ်ခြင်းကဏ္ဍ အဆင့်ဆင့်တွင် ပါဝင်ကူညီသွားမည်ဖြစ်သည်။
::
ယခုနှစ်တွင်လည်း ရန်ကုန်တိုင်း ဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ဆု ၁၀၀ ခု ၊ မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ဆု ၁၀၀ ခုစသည်တို့ကို ပေး အပ်ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ခံရသူများအား SCG က ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်ငွေ ၂၂၀၀၀၀ ကို ထောက်ပံ့ကြေးအဖြစ် ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
::
SCG ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Mr. Chana Poomee က “SCG Sharing the Dream ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ပညာရေးတိုးတက်စေရန် အတွက် ထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး ရလဒ်အနေနဲ့ သူတို့လေးတွေရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များက ပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဟာ သူတို့ရဲ့ပညာရေးဘက်မှာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိက အစိတ်အပိုင်းတစ်ရပ်အနေနဲ့ဖြစ်လာခဲ့တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သက်သေပြုလိုပါတယ်” ဟု ပြောသည်။
::
SCG ၏ အဆိုပါ အစီအစဉ်များ ကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး SCG Sharing the Dream အစီအစဉ်မှ ယခုလေးကြိမ်မြောက်ဖြစ်သည့် ၂၀၁၅ ခုနှစ် အပါအဝင် ကျောင်းသား၊ ကျောင်းသူနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်းကျောင်းသား၊ကျောင်းသူ ၇၀၀ ကျော် တို့အား ပညာသင် ထောက်ပံ့ကြေးပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
စိုင်းဟန်
The Ladies News ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment