Pages

Sunday, June 28, 2015

မန္တလေးတွင် အသေးစားလက်နက် ထုတ်လုပ်သည့် စက်များတွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မှ ငြင်းဆို

RangonNewsDaily:: June . 27 .2015
မန္တလေးမြို့ ၂၉-လမ်းနှင့် ၈၂-လမ်း၊ အောင်စတိုးတွင်
အသေးစားလက်နက်ထုတ်စက်များ တွေ့ရှိခြင်းနှင့် လက်နက် ဓါတ်ပုံများမှာ
လူမှုကွန်ယက်တွင် တင်ပြထားသကဲ့သို့ မဟုတ်မှန်ကြောင်း ကာယကံရှင်
မိသားစုဝင်တဦးက News Watch သို့ ပြောကြားသည်။

"ဖေ့စ်ဘုတ်မှာ ပြန့်နေတဲ့ သတင်းမျိုး မဟုတ်ပါဘူး။ ရဲစခန်းက
လာရောက်စစ်ဆေးသွားပြီး သိမ်းဆည်းထား ပါတယ်။ သားကောင်ပစ်တဲ့ သေနတ်ပါ။ သူက ၂ လ တခါလောက် တောပစ်ထွက်လေ့ရှိတယ်။"ဟု ၎င်းမိသားစုဝင်က ရှင်းလင်းပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေ၊ အမှတ် ဂ-ရဲစခန်းသို့
သွားရောက်မေးမြန်းခဲ့ရာ ၄င်းတို့တွင် ထုတ်ပြန်ပြောဆိုခွင့်မရှိသောကြောင့်
ကြေးနန်းစာပို့ထားသည့် တိုင်းရဲရုံးသို့ သွားရောက်မေးမြန်းနိုင်ကြောင်း
ရဲစခန်းတာဝန်မှူးက ပြောသည်။
::
"ဒီမှာတော့ ထိန်းသိမ်းထားပါတယ်။ လက်နက်မိတာ ဟုတ်ပေမယ့် အသေးစိတ်ပြောခွင့်မရှိလို့ တိုင်းရဲရုံးကို သွားမေးပါ။"ဟု တာဝန်မှူးက ပြောသည်။
နီးစပ်သူတဦး၏ ပြောဆိုချက်အရ တချိန်က တမြို့လုံးသိရှိသော ရဲတပ်ဖွဲ့ဝင်
တဦး၏ မိသားစုနေထိုင်ပြီး သားဖြစ်သူမှာ မြန်မာတိုင်းရင်းဆေးဆရာဖြစ်ကြောင်း၊ လူမှုကွန်ယက်တွင် ဖေါ်ပြထားသကဲ့သို့ လက်နက်များစွာမဟုတ်ဘဲ တောပစ်ထွက်လျင် သုံးသည့် သေနတ်နှစ်လက်တွေ့ရှိခြင်းသာ ဖြစ်ကြောင်းသိရသည်။ ၎င်း လက်နက်များဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ လက်ရှိတွင် အမျိုးသာတဦး ထိမ်းသိမ်းခာံးရကြောင်း သိရသည်။
ခိုင်ဆက်ဝေ
‪#‎NewsWatch‬(စောင့်ကြည့်သတင်းဂျာနယ် ) ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment