Pages

Friday, June 12, 2015

ကြိုးမဲ့ ဂိမ်းခလုတ်အသစ်ပါ 1TB Xbox One နောက်တစ်ပတ် ထွက်မည်


RangonNewsDaily:: June . 12 .2015
ဂိမ်းသမားတွေအတွက် သတင်းကောင်းပါပဲ။ 500GB Xbox One ကို သိုလှောင်မှု မလောက်လို့ စိတ်ညစ်နေသူတွေအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ သတင်းပေါက်ကြားချက်တွေကို အတည်ပြုတဲ့အနေနဲ့ ဂိမ်းခလုတ် အသစ်ပါ 1TB ဗားရှင်းထွက်ရှိဖို့ ရှိတဲ့ အစီအစဉ်တွေကို Microsoft က သတင်းထုတ်ပြန်မှုတွေ လုပ်ခဲ့ပါတယ်။
“ပရိသတ်တွေက သူတို့ရဲ့ ဂိမ်းစက်တွေမှာ သိုလှောင်မှု ပမာဏမလောက်ဘူးလို့ ပြောပြောနေကတည်းက 1TB ဗားရှင်းကို ထုတ်လုပ်ဖို့ ဖြစ်လာခဲ့တာပါ။ ဒီကနေ့မှာတော့ Xbox One 1TB ဂိမ်းစက်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါပြီ။ သင်တို့ရဲ့ မီဒီယာနဲ့ ဂိမ်းတွေအတွက် သိုလှောင်မှု ပိုရရှိနိုင်ပါပြီ။” လို့ Xbox ပရိုဂရမ် ဒါရိုက်တာဖြစ်သူ Larry Hryb က ၄င်းရဲ့ ဘလော့ပို့စ် ကတဆင့် ပြောကြားခဲ့ပါတယ်။
::
Xbox One 1TB ကို အမေရိကန်က လက်လီရောင်းချသူတွေထံ ကန်ဒေါ်လာ ၄၀၀နှုန်းနဲ့ ဇွန်လ ၁၆ရက်နေ့မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကျန် ဈေးကွက်တွေကိုတော့ ယခုလ နှောင်းပိုင်းမှာ ဆက်လက်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Xbox One 1TB ဂိမ်းစက်တွေမှာ ဒီဇိုင်းအသစ်ရေးဆွဲ ဖန်တီးထားတဲ့ ဂိမ်းလက်ကိုင် ပါရှိမှာပါ။
::
“အထူးမွမ်းမံထားတဲ့ ဂိမ်းလက်ကိုင်မှာ ဂိမ်းနားကြပ်တွေနဲ့ ပတ်သက်ပြီး အသံအတိုးအချဲ့၊ အသံပိတ် စတာတွေကို ထိန်းချုပ်နိုင်မှာပါ။ Mic Monitoring, Voice and Game Audio balance စတာတွေကို ထိန်းချုပ်ဖို့အတွက် ဂိမ်းလက်ကိုင်ပေါ်မှာ Settig Menu လည်း ပါရှိပါတယ်။ ဂိမ်းလက်ကိုင်ကတဆင့် လာတဲ့ အသံပိုင်း အရည်အသွေးကိုလည်း အဆင့်မြှင့်ထားပြီး ထားရှိနိုင်တဲ့ အသံအကျယ်ဆုံး ပမာဏကိုလည်း တိုးမြှင့်ပေးထားပါတယ်။” လို့ Larry Hryb က ပို့စ်မှာ ရေးသားထားပါတယ်။
PCmag ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment