Pages

Friday, June 12, 2015

"တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့"


RangonNewsDaily:: June . 12 .2015
တရုတ်သမ္မတ စီကျင်းပင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ဇွန်(၁၁)ရက်တွင် တွေ့ဆုံခဲ့ကြကြောင်း ဘေဂျင်းအခြေစိုက်ဆင်ဟွာသတင်းအရသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC)၏ အတွင်းရေးမှူးချုပ်လည်းဖြစ်သည့် သမ္မတစီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို ဘေဂျင်း၏ နိုင်ငံရေးအချက်အချာနေရာဖြစ်သော ပြည်သူ့မဟာခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲဆွေးနွေးခဲ့သည်များနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မှု မရှိသေးပေ။
စီပီစီ၏တရားဝင်ဖိတ်ကြားမှုဖြင့် ဇွန်(၁၀)မှစတင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မှာ ငါးရက်ကြာမြင့်မည်ဖြစ်သည်။

 မြန်မာနိုင်ငံကို ဘေဂျင်း ထံမှနေ၍ အနောက်နိုင်ငံများ ၊ ဂျပန်နှင့် အခြားအလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများထံ ရပ်တည်ချက်အခြေအနေ ပြောင်းလဲ သွားစေသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကြောင့် တရုတ်၏လွှမ်းမိုးနိုင်စွမ်း ကျဆင်းနေမှုကို အဖက်ဆယ်ရန် ယခုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲများကို အသုံးချရန် တရုတ်ကမျှော်လင့်ထားသည်ဟု ဘေဂျင်းအခြေစိုက်သတင်းဌာနများက ထောက်ပြနေကြသည်။
ဓာတ်ပုံ- AFP
7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment