Pages

Thursday, June 25, 2015

၂ နှစ်ပေါင်း ပြုလုပ်မည့် အကယ်ဒမီ ဆုပေးပွဲတွင် ဆု ၂၂ ဆု ချီးမြှင့်မည်

RangonNewsDaily:: June . 25 .2015
မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုကို လာမည့် ၂ဝ၁၆ ခု နှစ်တွင် ၂ နှစ်ပေါင်းကျင်းပသွား မည်ဖြစ်ပြီး ဆုပေါင်း ၂၂ ဆုချီးမြှင့် မည်ဟု သိရသည်။ ''အဓိကကတော့ ၂ဝ၁၄ ခု နှစ်နဲ့ ၂ဝ၁၅ခုနှစ် နှစ်နှစ်စာ အ တွက်ကျင်းပမယ်။ ဆုအမျိုးအစား က တစ်မျိုးမှာ ၂ ဆုဖြစ်သွားမယ်။
၂ဝ၁၄ ခုနှစ် အတွက်တစ်ဆု နဲ့ ၂ဝ၁၅ ခုနှစ်အတွက် တစ်ဆုဖြစ် မယ်။ ဒါပေမဲ့ ခုနှစ် တစ်နှစ်စီမှာ ဆု ၁၁ မျိုးစလုံးရချင်မှလည်း ရ မယ်'' ဟု မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးဒု-ဥက္ကဋ္ဌ ဖြစ်သူ ဦးအေး ကြူလေးက ပြောသည်။
၂ဝ၁၅အတွက် ရုပ်ရှင်ဇာတ် ကားများသည် ၂ဝ၁၅ ဒီဇင်ဘာလ ကုန်အထိ ပြသမည်ဖြစ်သော ကြောင့် အကဲဖြတ်ဒိုင်အဖွဲ့များ ကြည့်ရှု အကဲဖြတ်နိုင်ရန် ယင်း ဆုပေးပွဲကို ခန့်မှန်းခြေ ၂ဝ၁၆ ခုနှစ်မတ်လတွင်မှ ကျင်းပသွား မည်ဟု ဦးအေးကြူလေးထံမှ သိရသည်။


'' အဲဒီအတွက် ဘုတ်အဖွဲ့ဝင် တွေကို ရွေးချယ်ပြီးမှ ဆက်လက် ဆောင်ရွက်မယ်။ အခုကဇာတ် ကားလည်းတစ်ကားမှ မကြည့်ရ သေးဘူး။ ဒီနှစ်က ၂ နှစ်စာကြည့်ရ မှာဆိုတော့ ဥက္ကဋ္ဌလည်း အ ကောင်းဆုံးကြိုးစားလုပ်ဆောင်မှာ ပါ။ အခု၂ဝ၁၅ ခုနှစ်စာရင်းဝင်ကား တွေဆိုလည်း အားလုံးမပြရသေး ဘူးလေ'' ဟုဦးအေးကြူလေးက ဆက်ပြောသည်။

အဆိုပါအကယ်ဒမီ ကျင်းပ ရေးကိစ္စနှင့် ပတ်သက်ပြီး ဥက္ကဋ္ဌ ဦးလူမင်းက ''ပွဲကျင်းပရေးအတွက် ဒီနှစ်မှာတော့ အမှုဆောင်အစည်း အဝေးလုပ်တော့ ၂ နှစ်ပေါင်း ကျင်းပဖို့ ဆွေးနွေးထားတယ်။ ဘာ ဖြစ်လို့လဲဆိုရင် ဆုပေးပွဲကို တစ် နှစ် နောက်ကျနေတယ်လေ။ အကယ်ဒမီကိုဒီနှစ်မှ မပေါင်းရင် နောက်နှစ်တွေဆိုရင် ပေါင်းပေးဖို့ ပိုခက်ခဲလာလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနှစ် ၂ဝ၁၄ နဲ့ ၂ဝ၁၅ ဇာတ်ကားအရေအတွက်ဟာ နည်း နေသေးတယ်။ ၂ဝ၁၆ မှာ ဒီထက် များလာနိုင်တော့ လုပ်ရကိုင်ရ ပို
ခက်ခဲလာနိုင်တယ်။ ပွဲကျင်းပမယ့် အချိန်ကိုလည်း နောက်ကိုတစ်လ၊ နှစ်လ ဆုတ်ရလိမ့်မယ်။ အဲဒါက ၂ နှစ်ပေါင်းပေးဖြစ်ခဲ့ရင်ပေါ့။ အဲ ဒါကိုအဓိကကတော့ အကယ်ဒမီ အဖွဲ့ဝင်တွေ ဆွေးနွေးပြီးတော့ ဒီ ၂ နှစ်ထဲမှာ ပါဝင်တဲ့ ဇာတ်ကား ပိုင်ရှင်တွေရဲ့ သဘောထားရယူပြီး တော့မှ ဒီဟာကိုဆုံးဖြတ်ပြီး ဆောင် ရွက်မှာပါ'' ဟု ပြောသည်။

၂ဝ၁၃ခုနှစ်အတွက် အကယ် ဒမီထူးချွန်ဆု ပေးအပ်ပွဲတွင် အ ကယ်ဒမီ ထူးချွန်ဆုအဖြစ် အ ကောင်းဆုံးနောက်ခံတေးဂီတဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ ဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုး သားဇာတ်ဆောင်ဆု၊ အကောင်း ဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု စ သည့် ၆ ဆုကိုသာ ပေးအပ်ခဲ့ပြီး စက်မှုအတတ်ပညာပိုင်းဆိုင်ရာ ထူးချွန်ဆုများ ကျန်ရစ်နေခဲ့သော ကြောင့် အကယ်ဒမီ စိစစ်အကဲ ဖြတ်အဖွဲ့ကို ဝေဖန်မှုများ ရှိခဲ့ သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူ မင်းက ''အကယ်ဒမီဆု ရွေးချယ် ရေးအဖွဲ့ အနေနဲ့ကတော့ သေချာ တာ ကတော့ မနှစ်ကဝေဖန်မှုတွေ ပြင်းထန်ခဲ့တော့ ဒီနှစ်မှာတော့ လုပ်ချင် ကိုင်ချင်စိတ်ရှိတဲ့သူ နည်း ပါလိမ့်မယ်။ လုပ်ရကိုင်ရတာလည်း ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ရ အောင်တော့ ဖြတ်ကျော် လုပ်ကိုင် သွားရမှာပေါ့။ ဒီနှစ်မှာတော့ မ ကြေညာခင်ကတည်းက ဘယ်လို ပုံစံမျိုးနဲ့ လုပ်မယ်ဆိုတာကို ကြို ပြော၊ ကြိုတင်ကြေညာတာလေး လုပ်ဖို့တော့ စဉ်းစားထားပါတယ်'' ဟု ပြောသည်။
Popular Myanmar , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment